Arc(1) ရုပ်ရှင်ဧကရာဇ် /1/

7.3K 781 40
                                    

#Unicode#

\\စကပ်လေးနဲ့ အပြာရောင်ကောင်လေးကချစ်စရာလေး\\

"ကမ္ဘာ့ပထမဆုံးဗီလိန်စနစ်ရဲ့၉၉ယောက်မြောက်ကွပ်မျက်သူအလုပ်ကိုငါဆန္ဒအရလုပ်ခဲ့တယ်။ဗီလိန်ကိုသစ္စာရှိရန်နှင့်
ဗီလိန်၏လုပ်ငန်းများမှာပါဝင်ကူညီပေးမည်။ဗီလိန်တစ်ယောက်ကိုပဲငါ့ရဲ့ယုံကြည်ရဆုံးသူအဖြစ်ဆက်ဆံမည်။ငါ့ရဲ့အကြင်နာဂရုဏာတွေနဲ့စွမ်းအင်တွေကိုဗီလိန်ကိုပဲပေးပြီးသူ့ရဲ့ညီငယ်လေးတစ်ယောက်လိုတွေ့ဆုံပေးမည်ဟုငါနတ်ဆိုးပိုင်ကျီ အေဒီ၂၀၀၀ခုနစ် သြဂုတ်လ၁၅ရက်နေ့မှာကျမ်းသစ္စာကျမ်းဆိုပါတယ်"

System ကျမ်းသစ္စာပြီးဆုံးအောင်ဖတ်နေသည်ကိုစောင့်ကာ ပျော့ပျောင်းသောအသံဖြင့်ခပ်တိုးတိုးမေးလာသည်

"မင်းနားလည်ရဲ့လား"

ရက်အနည်းငယ်ကြာဆာလောင်နေခဲ့ပြီးဟောင်းနွမ်းစုတ်ပြတ်နေတဲ့အက်ျီကိုဝတ်ထားတဲ့ပိုင်ကျီဟာသူ့ရဲ့နားကိုကုတ်လိုက်ပြီးအား
မရှိစွာနဲ့ပဲမေးလိုက်တယ်

"တကယ်လို့ကျွန်တော် နားလည်မယ်ဆိုရင်စားစရာပေးမှာလား"

"မင်းသာတာဝန်တွေကိုပြီးအောင်ဆောင်ရွက်မယ်ဆိုရင် စားစရာတင်မကဘူးအဝတ်အစားတွေဝယ်ဖို့ပိုက်ဆံတွေပါရမှာ။ဒီလိုကျဉ်းကျဉ်းကျပ်ကျပ်တွင်းထဲကနေထွက်ပြီး ဇိမ်ခံဗီလာကြီးနဲ့တောင်နေလို့ရတယ်။
အခွင့်လမ်းတွေကတော့အဆုံးအစမဲ့ပဲ!"

systemအသံကလှုပ်ခတ်နေတဲ့စာသားတွေကိုလှိုက်လှိုက်လှဲလှဲနဲ့ဖတ်ပြပေးပြီးရေခဲလိုအေးစက်ပြီးကြီးမားတဲ့သံလက်နဲ့ပိုင်ကျီရဲ့ရဲ့ခေါင်းကိုထိလာတယ် "ဗီလိန်သခင်ကြီးနဲ့လည်းပိုနီးစပ်မယ် အမြတ်စွန်းတွေလည်းအများကြီးရမှာပဲလေမဟုတ်ဘူးလား?"

ပိုင်ကျီကတော့syatemပြောနေတာတွေကိုတစ်ခုမှမကြားနိုင်တော့ပါဘူး သူ့စိတ်ထဲမှာထပ်ခါထပ်ခါပေါ်နေတာကတော့
'ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ' ဆိုတာတွေပဲ။

လွန်ခဲ့တဲ့ခုနစ်ရက်တုန်းက အိမ်မက်နယ်မြေမှာရုန်းရင်းဆန်ခတ်တွေဖြစ်ခဲ့ပြီးသူနေထိုင်တဲ့ဂူလေးကနေဘတ်တံနဲ့ရိုက်သလိုရိုက်
ထုတ်ခံလိုက်တာကြောင့်သူ့မှာစားစရာ မုန့်ပဲ့​လေးတစ်ခုတောင်ပါမလာခဲ့ပါဘူး။သူနှစ်ပေါင်းနှစ်ရာလောက် ဂူထဲအောင်းခဲ့တာတောင်ဆာလောင်တယ်လို့မရှိခဲ့ဘူး။
အခုတော့ သူ့အစာအိမ်ကမြည်သံနဲ့အတူတုန်ခါနေတာကြောင့် တူရိယာတွေကိုတောင်လွယ်လွယ်လေးနဲ့တီးလို့ရ​နေ​ပြီ။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now