Arc(3) ဗိုလ်ချုပ်ကြီး/24.2/

1.4K 279 10
                                    

#Unicode#

နှစ်ယောက်သား ပြန်ရောက်တော့ မွန်းတည့်နေပြီဖြစ်သည်။ဝမ်ကျုးကျီ၏ ကြီးကြပ်မှုအောက်တွင် ပိုင်ကျီခဗျာ ခါးသီးသောအမူယာဖြင့် အာဟာရဖြည့်စွက်စာတစ်ပုလင်းကို သောက်လိုက်သည်။system သူ့အား စိတ်ဝိညာဉ်သစ်သီးအကြီးကြီး ပေးလိုက်သောအခါမှသာ အငိုသန်သည့်နတ်ဆိုးလေးကို ချော့မော့နိုင်ခဲ့တော့သည်။

ပိုင်ကျီ သူ့လက်ထဲရှိ အသီးလေးကိုကိုင်ကာ တွန့်ဆုတ်စွာဖြင့် ဝမ်ကျုးကျီနဲ့ ခွဲခွာလိုက်ရသည်။သိပ်မကြာခင်မှာပဲ အင်ပါယာအရှင်က ပိုင်ကျီ့အားဆွဲခေါ်ကာ အိမ်သို့ပြန်ခေါ်လာတော့သည်။

“လက်တောင်မထပ်ရသေးဘူး၊ သူနဲ့မခွာနိုင်မခွာရက်ဖြစ်နေပြီပေါ့လေ”

အင်ပါယာအရှင် စိတ်ပျက်လက်ပျက်ဖြစ်ကာ သားဖြစ်သူကို ကြည့်ရင်း သက်ပြင်းချလိုက်မိတယ်။

"မင်းတို့လက်ထပ်ပွဲကိုနောက်ရွှေ့ထားရအုံးမယ်။ သိပ်မကြာခင် သူစစ်ပွဲတစ်ခုကိုသွားရတော့မှာ"

"ဘယ်လို"  ပိုင်ကျီ လက်ထဲကအသီးလေး ပြုတ်ကျလုမတတ်​။ 

"သူ စစ်မြေပြင်ကို သွားအုံးမှာလား။"

"သူ မင်းကို မပြောဘူးလား?" အင်ပါယာအရှင် အနည်းငယ် အံ့ဩသွားသည်။

"မပြောဘူး" ပိုင်ကျီ စိတ်ဆိုးသွားသည်။ 

"စစ်မြေပြင်ကိုလား?  ကျွန်​တော့်ကိုဒီထက်
ပြီးရှင်းရှင်းလင်းလင်းပြောပါလား"

“အင်ပါယာကြီးက နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့တာ။ဂုတ်သွေးစုပ်ချင်နေတဲ့ ခြင်တွေက အမြဲရှိနေမှာပဲ”

အင်ပါယာအရှင်၏လေသံက အေးစက်လာသည်။ “ငြိမ်းချမ်းရေးစာချုပ်ဆိုတာလဲ အမည်ခံပဲရှိနေခဲ့တာ ကြာ​ပြီ။ငါတို့က Zerg မျိုးနွယ်နဲ့ တရားဝင်စစ်ဖြစ်ရလိမ့်မယ်”

"Zergမျိုးနွယ်နဲ့…” ပိုင်ကျီ အရင်က အန္တရာယ်ရှိခဲ့တဲ့ အခြေအနေ​တွေကို
ပြန်တွေးလိုက်မိသည်။စိတ်ဝိညာဉ်သစ်သီးစားနေတာ ရပ်လိုက်ပြီး ပိုင်ကျီပြောလာခဲ့သည်။

“ကျွန်တော်လည်း လိုက်သွားမယ်”

"မင်း မသွားရဘူး"

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now