Arc(4) ကျောင်းလူဆိုးလေး /26.1/

1.5K 258 6
                                    

#Unicode#

ပိုင်ကျီ့ ခြေထောက်များ ချက်ချင်းဆိုသလို ပျော့​ခွေသွားသည်။

“ဦးလေးရေ ကျွန်​တော်အခုပဲ villainကြီးရှေ့မှာ ဒူးထောက်လိုက်မယ်လေ။အဲ့လိုဆိုရင်ရောရလား"

“ယောက်ျားတွေက လွယ်လွယ်နဲ့ ဒူးမထောက်သင့်ဘူး။တူလေး မင်းပြတင်းပေါက်ကနေ ခုန်ဆင်းသွားရင် ပိုကောင်းမယ်"

ပိုင်ကျီနှုတ်ခမ်းကို ကိုက်လိုက်ကာ မျက်နှာကို ဖုံးအုပ်လိုက်သည်။သူဒီကမ္ဘာရဲ့ အချက်အလက်အပြည့်အစုံကို ရရှိထားပြီဖြစ်သည်- မူလပိုင်ရှင်မှာ ရှဲ့စီးလျို ဟုအမည်ရပြီး သူသည်အတန်းကျော်ကာ ရန်ဖြစ်တတ်သည်။ဆေးလိပ်လဲသောက်တတ်ကာ အားနည်းသူတွေကို အနိုင်ကျင့်ပြီး ကျောင်းတွင်းဝတ္ထုတစ်ခုလုံးတွင် ဗီလိန်ရာထူးရလုနီးပါးပင်။

ဝမ်းနည်းစရာကောင်းတာက သူကျီကွေ့ချန် ကိုမနိုင်ခဲ့ပေ။

မူရင်းဝတ္ထုတွင် ကျီကွေ့ချန် အဘယ်ကြောင့် ပြင်းပြင်းထန်ထန် ရှုတ်ချခံရသည်ကို အသေးစိတ် မဖော်ပြထားဘဲ
သူမကြာခဏ အနိုင်ကျင့်ခံရကြောင်းကိုသာ ဖော်ပြထားသည်။ဓားထိုးမှုဖြစ်ပွားပြီးနောက်ရိုးရှင်းစွာပင် ကျီကွေ့ချန်ကို ကျောင်းမှ ထုတ်ပယ်ခဲ့ပြီး ဝတ္ထုထဲတွင် ထိုသူအား ထပ်မံဖော်ပြခြင်း မပြုတော့ပေ။

ပိုင်ကျီ အသက်ပြင်းပြင်းရှူလိုက်ပြီး ကျီကွေ့ချန် ဆီသို့ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

ပတ်ဝန်းကျင်ရှိ ပိုင်ကျီ့ လက်ပါးစေတပည့်လေးများကချက်ချင်း သူ့အတွက် လမ်းဖွင့်ပေးလာကြသည်။လူတိုင်းရဲ့ မျက်လုံးတွေအောက်မှာပင် ပိုင်ကျီ လက်တစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။

ထို့​နောက် ကြမ်းပြင်ပေါ်ရှိ ကျောပိုးအိတ်ကို ကောက်ကိုင်လိုက်သည်။

လူတိုင်း: "…"

တပည့်​လေး A: "ဘော့စ် ဘာလုပ်နေတာလဲ"

တပည့်လေး B- "ဖြစ်နိုင်တာက သူအသိတရားပေါက်သွားတာများလား"

တပည့်လေး C: "မင်းတို့ စောက်သုံးမကျတဲ့ကောင်တွေ။ဘောစ့်က ဘယ်လိုလုပ်အသိတရားပေါက်မှာလဲ။သူ ကျီကွေ့ချန်ကို နောက်ထပ် အရှက်ရစေမှာ သေချာတယ်!"

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) حيث تعيش القصص. اكتشف الآن