Arc(2) No.(1) Host /16/

2.4K 478 15
                                    

#Unicode#

//မင်းနဲ့တန်းတူ ရပ်တည်ပေးမယ်//

"မဟုတ်ပါဘူး"ပိုင်ကျီသူ့ကိုကြည့်လိုက်သည်။"ကျွန်တော်အခုလေးတင် ပြေးလာတော့ လေအေးတွေတိုက်ထားလို့"

"ဘယ်ကနေပြေးလာတာလဲ?"

"ကျွန်တော် အိမ်ပြန်ခဲ့တာ" ပိုင်ကျီ
ထိုအကြောင်းစဥ်းစားလိုက်ကာ စာကြောင်းအနည်းငယ်ထပ်ထည့်​​ပြောလိုက်သည်။

"ကျွန်တော် ပြန်ပေးဆွဲခံရပြီး ကျွန်တော့်ကို သော့ခတ်ထားကြတာ"

တုဟွိုင်အန်း အသက်ရူကြပ်သွားကာ ပိုင်ကျီ့ကို​ကြည့်လိုက်တော့ ပိုင်ကျီအပြုံးလေးနဲ့ပြောနေသည်ကိုတွေ့လိုက်ရသည်။

"ကျွန်တော် တိုက်ပေါ်ကခုန်ချလာပြီး ခင်ဗျားကိုလာရှာတာ။ ကျွန်တော်က အံ့သြဖို့ကောင်း မဟုတ်လား?"

ဒီလူငယ်လေး၏ အသားရေမှာအတော်လေးဖြူဖျော့နေကာ နှုတ်ခမ်းဟာလည်း အရောင်သိပ်မရှိတော့ပဲ မျက်လုံးများဟာလည်း
နီရဲနေပေသည်။သို့ရာ သူ့၏လေသံမှာတော့ အတော်လေး ဂုဏ်ယူနေသည့်အသံပင်။
တုဟွိုင်အန်း နှလုံးတွေတုန်လှုပ်သွားကာ
သူ့အားစစ်ဆေးရန်ဆွဲခေါ်လိုက်လေသည်။

"မင်းမှာ...မင်းမှာဒဏ်ရာတွေများရသွားသေးလား။မင်းမှာ...."

"ဘာဒဏ်ရာမှမရဘူး"ပိုင်ကျီပြောလေသည်။
"ဒုတိယထပ်ကနေ ခုန်ချရုံလောက်ပါပဲ။
ကျွန်တော့်ကို စိတ်ထဲထားမနေနဲ့
ဒီကမိန်းကလေးက ခင်ဗျားကိုစောင့်နေတုန်းပဲလေဗျာ။"

"သူမ မဟုတ်..."တုဟွိုင်အန်း၏လေသံမှာ အလွန်စိုးရိမ်နေသည်ပင်။"ကိုယ်မင်းကို လိုက်ရှာနေတာ၊ ဘယ်မှာမှမင်းကိုရှာမတွေ့ဘူး။သူမက....."

"ပထမတန်းစား သတိပေးချက်!ဗီလိန်ရဲ့အသက်အန္တရာယ်စိုးရိမ်ရပါတယ်!တူလေး!သူ့ကိုအမြန် အဝေးကိုတွန်းထုတ်လိုက်!"

System၏အသံသည် ရုတ်တရပ်ပေါ်ထွက်လာကာ အလွန်ကိုပြင်းထန်နေပေသည်။
ပိုင်ကျီလည်း အလိုလိုပင်လှုံဆော်ခံလိုက်ရကာ ဘေးတစ်ဖက်မှ ရှင်းပြနေဆဲ ဖြစ်သည့် တုဟွိုင်အန်းအား လက်ဆန့်ထုတ်ကာ အဝေးသို့တွန်းထုတ်လိုက်ပေသည်။သူsystemအားဘာဖြစ်တာလဲဟု မမေးခင်မှာပဲ ထောင့်တစ်နေရာမှ အလင်းရောင်အားမြင်လိုက်ရပေသည်။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now