Arc(4) ကျောင်းလူဆိုးလေး /27.2/

1.1K 237 15
                                    

#Unicode#

အတန်းပြီးဆုံးကြောင်း ခေါင်းလောင်းသံ မြည်လာသောအခါ တစ်ခန်းလုံး တိတ်ဆိတ်သွား​ကြသည်။ပိုင်ကျီ တံခါး တွန်းဖွင့်လိုက်ပြီး အထဲကို ဝင်သွားကာ အားလုံးရဲ့အာရုံများကိုဖမ်းစားသွားတော့သည်။

အကိုကြီး A- "ဘောစ့်က တစ်ယောက်ယောက်ကို ရိုက်တော့မှာလား"

ညီငယ်လေး B- "ဘောစ့်ရဲ့မျက်နှာပေါ်ကခက်ထန်နေတဲ့အမူယာကိုပဲကြည့် အမှိုက်ကောင်ကို ဘယ်လောက်တောင် ဒေါသထွက်နေလဲပဲ"

ညီငယ်လေး C: "ဝူးဝူး ဘောစ့်က အရမ်းချောတာပဲ..."

အပြင်ပန်းတွင်ပိုင်ကျီ ရက်စက်တဲ့ပုံပေါက်ပေမယ့် တကယ်တော့ စိတ်ရှုပ်နေတာဖြစ်သည်။ဒီလိုအားလုံး၏ စူးစမ်းစိုက်ကြည့်နေသောအကြည့်အောက်တွင် သူ ကျီကွေ့ချန် ဘေးနားသို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ ဘေးနားရှိထိုင်ခုံကို ဆွဲထုတ်လိုက်သည်။
ထို့နောက် အေးစက်စက်အကြည့်တစ်ချက်ပေးလိုက်ကာ ခြေထောက်များကို ဖြည်းညှင်းစွာ ​ကြွလိုက်ပြီး-

ရင်တထိတ်ထိတ်နဲ့ ထိုင်ချလိုက်သည်။

ညီငယ်​လေးများ :......

သူ့နှုတ်ခမ်းများကို ပွတ်သပ်ကာ ပျော်ရွှင်နေသည့် နှလုံးသား​​လေးဖြင့် ကျီကွေ့ချန် ဆီသို့ တိတ်တိတ်လေးရောက်လာခဲ့သည်။

ကျီကွေ့ချန် ပိုင်ကျီ့အား မျက်လုံးစွေကြည့်ကာ "မင်းဘာလုပ်နေတာလဲ"

"ငါ မင်းဘေးမှာ ထိုင်နေတာလေ"

ပိုင်ကျီ ယုံကြည်မှုရှိစွာပြန်ဖြေလိုက်ပြီး ခဏကြာတော့ ခေါင်းမော့လာကာ ကျီကွေ့ချန်နှင့်အကြည့်ချင်းစုံလိုက်သည်
"ကျီကွေ့ချန် အခုကစပြီးငါတို့က ထိုင်ခုံဖော်တွေဖြစ်သွားပြီနော် အဆင်ပြေတယ်ဟုတ်"

ကျီကွေ့ချန် အကြာကြီးတိတ်ဆိတ်သွားပြီး
ထို့နောက် လွယ်အိတ်ကို သိမ်းဆည်းကာ လှည့်ထွက်သွားသည်။

"ဘာပဲဖြစ်ဖြစ်"

ပိုင်ကျီ ထိုသူ့၏ အေးစက်စက် သဘောထားကိုဂရုမစိုက်ပေ။သူ လော့လဲကို ပျော်ရွှင်စွာပင် စွန့်ပစ်လိုက်ပြီး ထိုင်ခုံဖော်ကို ချက်ချင်းလဲပစ်လိုက်သည်။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now