Arc(4) ကျောင်းလူဆိုးလေး /33/

1.1K 222 7
                                    

#Unicode#

ကျီကွေ့ချန် မေးလိုက်သည့်အသံက နားမလည်နိုင်သော ထူးဆန်းသည့်အငွေ့သက်တစ်ချို့ဖြင့် သူ့နားထဲသို့တိုးဝင်လာ​ကြသည်။ ပိုင်ကျီ သူ့နှုတ်ခမ်းတွေကိုကိုက်လိုက်ပြီး မျက်လုံးထောင့်ကနေ တိတ်တိတ်လေး လှမ်းကြည့်လိုက်သည်:

"ငါလုပ်မှာက"

သူပြောပြီးသည်နှင့် ပိုင်ကျီ့နှာခေါင်းကို လှမ်းကိုက်လာသည်။ ပိုင်ကျီမျက်လုံးပြူးကျယ်သွားကာ သူ့နှာခေါင်းထိပ်လေးကို လက်ဖြင့်ထိကြည့်လိုက်ပြီး ကျီကွေ့ချန်ကို ယောင်ယောင်အအလေး ငေးကြည့်နေတော့တယ်။

ပိုင်ကျီ့ပုံလေးကိုမြင်လိုက်ရတော့ ကျီကွေ့ချန် မနေနိုင်စွာပဲ ခပ်ဖွဖွရယ်မိလိုက်သည်။ မူလက အေးစက်မှုအချို့ရှိခဲ့သော သူ့မျက်နှာမှာ ယခုအခိုက်အတန့်တွင် သက်ဝင်လှုပ်ရှားလာပြီး သူမျက်လုံးများသည်လည်း ငယ်ရွယ်တက်ကြွမှုတို့ဖြင့် ပြည့်နှက်နေ​တော့သည်။
ပိုင်ကျီ သူ့မျက်နှာကိုထိကိုင်နေရင်း ရပ်တန့်မိသွားကာ ကျီကွေ့ချန်၏ ထိုပုံရိပ်ကို ပါးစပ်လေးဟပြီး စိုက်ကြည့်နေတော့သည်။

"အရူးလေး မင်းရဲ့လက်​တွေ့ဆီအာရုံပြန်စိုက်" ကျီကွေ့ချန် အခုထက်ထိမှင်သက်နေဆဲဖြစ်သော တစ်စုံတစ်ယောက်အား ကြည့်ကာ ကူကယ်ရာမဲ့စွာ ပြောလာသည်
"အခုထိအတန်းချိန် အာရုံမစိုက်ဘူးဆို ငါမင်းကိုနမ်းလိုက်မှာနော်"

"Ok!"

ပိုင်ကျီ ပျော်ရွှင်စွာပင် ရှေ့သို့ကိုင်းပေးလိုက်ပြီး လက်တစ်ဖက်က သူ့ပါးလေးကိုပုပ်ပြလိုက်ရင်း "ဒီကိုနမ်း ဒီကိုနမ်း"

ထိုသို့တုန့်ပြန်မှုကြောင့် ကျီကွေ့ချန် ထိတ်လန့်သွားရကာ စကားထပ်မပြောခင်အနည်းငယ်တုန့်ဆိုင်းသွားရသည်
"...ဒါက အပြစ်ပေးတာလေ၊ နားလည်ရဲ့​လား?"

"အပြစ်ပေးတာ?" ပိုင်ကျီသေချာစဥ်းစားလိုက်သည် "ဒါဆို ဒီလိုအပြစ်ပေးတာကိုလိုချင်တယ်"

“အဲ့လိုမဟုတ်-” ဒီကိစ္စကို သေချာပြန်မရှင်းပြနိုင်လောက်ဟု ကျီကွေ့ချန် ခံစားရလိုက်ရတယ်။ အပြစ်ပေးတယ်ဆိုတာ ကောင်းတဲ့ကိစ္စမမှန်း ပိုင်ကျီ့ကို ရှင်းပြဖို့ နေ့တစ်ဝက်လောက်သေချာစဥ်းစားနေချိန်မှာပဲ အတန်းထဲမှ အလွန်ကျယ်လောင်သောအသံထွက်ပေါ်လာတော့သည်။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) On viuen les histories. Descobreix ara