Arc(2) No.(1) Host /14.2/

2.4K 494 12
                                    

#Unicode#

မိုးလေဝသခန့်မှန်းချက်သတင်းထုတ်ပြန်မှု:

"ချစ်ခင်ရပါသောမြို့သူမြို့သားများရှင်
မိုးရွာသွန်းနှုန်း
တစ်ဆတစ်ဆမြင့်တတ်လာပါသဖြင့်
နောက်လာမည့်၃နာရီအတွင်း
၅၀မီလီမီတာထိရောက်ရှိ​နိုင်သည်ဟု
တွေ့ရှိရပါကြောင်း......."

'ဖလပ်'ဆိုသောအသံနှင့်အတူTVပိတ်သွားသည်။

တုဟွိုင်အန်းremoteကိုအောက်ချလိုက်သည်။အချိန်တော်တော်ကြာသွားကာမှ
သူခေါင်းမော့လိုက်ကာပြတင်းပေါက်
အပြင်ဘက်ရှိကောင်းကင်ကြီးကို
မော့​ကြည့်လိုက်သည်။

ကောင်းကင်တစ်ခွင်လုံး မှောင်မည်းနေကာ
လူကိုအထီးကျန်ဆန်စေသည့်ခံစားချက်ရစေသည်။

ရုတ်တရက် ယခင်ကခေါ်ဆိုထားသောဖုန်းအဝင်တစ်ခုအားအမှတ်ရမိသွားသည်။

အကိုတု ကျန်းကျိုကိုသူ့fatherကြီးကပိုက်ဆံတွေအကုန်ပိတ်တယ်ဆိုတဲ့အမိန့်ထုတ်ထားတယ်အခုကျန်းကျိုကမောင်းထုတ်ခံထားရပြီးပိုက်ဆံလည်းတစ်ပြားမှပါမသွားဘူး

တုဟွိုင်အန်းမျက်လုံးတွေမသိမသာတွန့်သွားကာ ဘာမှမပြောပဲဖုန်းချပစ်လိုက်တော့သည်။

ကောင်းကင်ကြီးက မည်းသည်ထက်မည်းလာကာအချိန်မရွေးရွာချတော့မည့်ပုံပေါ်သည်။တိုက်ခတ်နေသောလေများကလည်း
အေးစက်နေပေသည်။ဆောင်းဦးရာသီရဲ့မိုးဖွဲတွေဟာအမြဲလိုလိုနှစ်လိုဖွယ်ကောင်းမနေပေ။

တုဟွိုင်အန်းဆေးလိပ်အားမီးညှိလိုက်ကာ
အတန်ကြာ ဆေးလိပ်သောက်လိုက်သည်။

အိမ်ထဲတွင်အလွန်ပင်တိတ်ဆိတ်နေကာအသံစိုးစဥ်းမျှမကြားရပေ။မိုးရွာသည့်အသံတစ်ခုတည်းကိုသာရှင်းရှင်းလင်းလင်းကြားနေရပေသည်။

မိုးတွေကြီးသည်ထက်ကြီးလာသည်။

ထိုအချိန်တွင် ရုတ်တရက်ဆေးလိပ်မီး
တစ်စက တုဟွိုင်အန်းလက်ပေါ်သို့ကျသွားကာတုဟွိုင်အန်း ဆတ်ကနဲဖြစ်သွားသည်။ထို့နောက်သူ့လက်ပေါ်သို့ သူကြည့်လိုက်တော့ဆေးလိပ်မီးစဖြစ်နေသည်ကိုတွေ့လိုက်ရသည်။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now