Arc(4) ကျောင်းလူဆိုးလေး /30/

1K 218 6
                                    

#Uincode#

နောက်ပိုင်းစာသင်ချိန်တစ်ချိန်လုံး ပိုင်ကျီ ဂနာမငြိမ်ဖြစ်နေသည်။သူ့ခေါင်းတစ်ခုလုံး ကျီကွေ့ချန်ရဲ့ စကားတွေကပဲ့တင်ထပ်ကာ ပျားများကဲ့သို့ တဝီဝီမြည်နေပြီး သူ့နှလုံးသားကိုလှုပ်ခါစေသည်။

'သူခုနကပြောလိုက်တဲ့ဟာက ဘာအဓိပ္ပါယ်လဲ'

နတ်ဆိုးလေး စိတ်ရှုပ်သွားရသည်။

ပိုင်ကျီ ခဏလောက်စဉ်းစားလိုက်ပြီး စာရွက်တစ်ရွက်ကို မသိမသာထုတ်ကာ ခေါင်းငုံ့ပြီး ထိုစာကြောင်းကို ရေးမှတ်ထားလိုက်သည်။

"ယူအား မိုင်းစတား"

(:ပိုင်ကျီလေးက အသံထွက်အတိုင်းတလွဲ​လေးမှတ်ထားတာပါ။)

ဟုတ်ပြီ။ထိုစာကြောင်းရေးပြီးနောက် ပိုင်ကျီ ပျော်ရွှင်စွာ စာရွက်​​လေးကိုခေါက်လိုက်ပြီး သူ့အိတ်ထဲထည့်လိုက်သည်။

အတန်းခေါင်းလောင်းသံ မြည်လာသည်။ကျီကွေ့ချန် ရေသွားယူဖို့ထလိုက်တော့ ပိုင်ကျီ့ခေါင်းထဲက systemအသံ ထွက်ပေါ်လာသည်။

"တူလေး ကျီကွေ့ချန် မနေ့ညကတည်းကမဟုတ်ရင် ဒီမနက်တည်းက ဘာမှမစားရသေးတာကို ငါသတိထားမိတယ်"

သူ့စာအုပ်တွေကို စီရီနေတဲ့ ပိုင်ကျီ့လက်တွေ ရပ်တန့်သွားသည် “ဘာရယ်! ဒါဆို သူ အရမ်းဗိုက်ဆာနေ​လောက်ပြီ!”

System- "မသိဘူး တကယ်တော့သူက
စားလေ့စားထမရှိဘူး"

ဒါကိုကြားတော့ ပိုင်ကျီ ငြိမ်​ငြိမ်မထိုင်နိုင်​တော့ဘဲ စာသင်ခန်းထဲကနေ အမြန်ပြေးထွက်သွားလိုက်တယ်။system သူ့နောက် လိုက်လာကာ လမ်းတစ်လျှောက်သတိပေးနေသည် “ကိုယ်ပိုင်စာကြည့်ချိန် ​စတော့မှာလေ မင်းဘာလုပ်နေတာလဲ”

"ရင်ထဲမကောင်းဘူး" ပိုင်ကျီလေးနက်စွာပြောလာသည်။ သူ့ခြေလှမ်းတွေ ပိုပိုမြန်လာပြီး စင်္ကြံကိုဖြတ်ကာ မုန့်ကောင်တာဆီသို့ တန်းတန်းမတ်မတ်သွားလိုက်သည်။

ကျီကွေ့ချန် ရေနွေးဘူးကိိုင်ကာ စာသင်ခန်းထဲပြန်ရောက်လာတော့မထင်မှတ်ထားစွာပဲ သူ့နားမှာ အထူးသဖြင့်မကြာသေးခင်ကပဲသူ့ကို ကောက်ညှင်းလုံးလေးလိုကပ်နေတတ်သည့် ပိုင်ကျီ့ကိုမတွေ့တော့ပေ။သူအနည်းငယ် အံ့သြမိသွားပေမယ့် ထိုင်ခုံကိုဆွဲထုတ်ကာ ထိုင်လိုက်သည်။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now