Arc(1) ရုပ်ရှင်ဧကရာဇ် /8/

4.2K 664 45
                                    

#Unicode#

//Light out//

ပိုင်ကျီ ဖန်ကျင်းမော့စိတ်ထဲမှာဘာတွေတွေးနေလဲမသိ​တော့​ပေ။သူခံစားရတာတစ်ခုပဲ
ရှိပြီး သူကိုကြည့်နေတဲ့ ဖန်ကျင်း​​မော့ရဲ့
အကြည့်တွေကထူးဆန်းပြီးရင်း ထူးဆန်းလာတယ်ဆိုတာပင်။

သူ့အကြည့်တွေကဘာနဲ့တူလဲဆိုရင် အဖေရောအမေရောမရှိတော့ဘဲ အရှက်ကွဲမှုတွေနဲ့ဆာလောင်မှုတွေကြားက ကလေးငယ်တစ်ယောက်ကိုကြည့်နေသလိုအကြည့်မျိုး၊သူ့
အကြည့်တွေကနေဝေဒနာတွေပါလျှံကျလာသလိုမျိုးပင်။

"စီနီယာဘာဖြစ်လို့လဲ?"

ဖန်ကျင်းမော့ သူ့မျက်လုံးတွေကိုအချိန်ကြာကြီးအောက်စိုက်ချထားသည်။ထို့နောက် ပြောလာသည်: "မင်းနှလုံးသားထဲကအတွေးတွေကိုကိုယ်မသိဘူး၊ကိုယ်လေ့လာကြည့်လို့မရတဲ့အကြောင်းပြချက်အမှန်တရားကိုလဲ
မသိဘူး"

ပိုင်ကျီ အံသြသွားသည်။

"အကြောင်းပြချက်၊အမှန်တရား?"

ဖန်ကျင်းမော့ဆက်ပြောလာသည်"ကိုယ်သိပါတယ်မင်းက ကိုယ့်ကိုဝမ်းမနည်းစေချင်လို့
နားမလည်ချင်ယောင်ဆောင်နေမှန်း၊ဒါတွေအားလုံးကို ကိုယ်နားလည်ပါတယ်"

ပိုင်ကျီရှုပ်ထွေးသွားသည်

"ဘာကိုနားလည်တာလဲ"

"တုကျန်း ကိုယ်တို့စတွေ့တုန်းကကိုယ်မင်းအပေါ်ကောင်းကောင်းမဆက်ဆံခဲ့ဘူးဆိုတာသိပါတယ်။ကိုယ်တောင်ပန်းပါတယ်"

ပိုင်ကျီ ဖန်ကျင်းမော့ကိုနားလည်နိုင်ဖို့ရာအလျှင်မြန်ပဲအရှုံးပေးလိုက်တော့သည်။

"မဟုတ်ပါဘူး အဲ့တာတွေကအရေးမကြီးပါဘူး"

ဖန်ကျင်းမော့စိတ်ထဲ မိုးသည်းထန်စွာရွာတဲ့နေ့တုန်းက တုကျန်းကထီးလေးတစ်ချောင်းနဲ့မျှော်လင့်ချက်မဲ့သွားတဲ့အကြည့်နဲ့ကြည့်နေတဲ့ပုံကိုပဲပြန် အမှတ်ရနေမိသည်။

"တုကျန်းကိုယ်တကယ်တောင်းပန်ပါတယ်ကွာ၊ကိုယ့်ကိုအခွင့်ရေးလေးတော့ပေးပါ"

"ဘာအခွင့်ရေးလဲ?"

"အခွင့်ရေးကမင်းပေါ်မှာပဲမူတည်ပါတယ်မင်းဆုံးဖြတ်ပါ"

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Nơi câu chuyện tồn tại. Hãy khám phá bây giờ