Arc(2) No.(1) Host /12/

2.8K 490 12
                                    

#Unicode#

//နေရောင်ခြည်ရနံ့//

ဆောင်းရာသီဆိုတာ dateလုပ်ဖို့အတွက်ဆိုသိပ်မကောင်းဘူး။တုဟွိုင်အန်းပြတင်းပေါက်အပြင်ဘက်ကအဖြူရောင်လွင်ပြင်ကြီးကိုကြည့်လိုက်ပြီးတဆဆနဲ့တွေးတော့နေပေသည်။သခင်လေးနဲ့သွားဖို့ဆိုရင်ပျော်ဖို့ကောင်းတဲ့နေရာလည်းဖြစ်ရမယ်
မအေးတဲ့နေရာလည်းဖြစ်ဖို့လိုတယ်။
ထိုအချိန်မှာပဲသူ့jacketအစွန်းလေးကိုတစ်ယောက်ယောက်ကဆွဲလာသည်။

ပိုင်ကျီ ပစ်ဖယ်ခံထားရတဲ့အခွေတစ်ချက်ကိုကိုင်ထားကာဂရုတစိုက်နဲ့ဖွင့်ဟလာ၏

"ကျွန်တော် ကျွန်တော်အခွေကြည့်လို့ရလား"

တုဟွိုင်အန်းချက်ချင်းပဲခေါင်းညိတ်ပြကာသဘောတူလိုက်သည်။ထို့နောက်ပိုင်ကျီကိုင်ထားတဲ့အခွေကိုတစ်ချက်ကြည့်လိုက်တော့​တုဟွိုင်အန်း စက္ကန့်ပိုင်းလေးအတွင်းမှာပဲအေးခဲသွားတော့သည်။

'......နေပါအုံးဟ အဲ့အခွေကသူ့၂နှစ်အရွယ်တူမလေးကြည့်တဲ့ဟာမလား?

ကျန်းကျိုဘာကိုဆိုလိုချင်တာပါလိမ့်?'

တုဟွိုင်အန်းအလျှင်အမြန်ပဲစဥ်းစားမိသွား၏:​'သေချာပေါက်ကိုသူရည်ရွယ်တာကဒီကလေးအခွေကြည့်ဖို့မဟုတ်လောက်ဘူး၊ဒါဆိုသူရည်ရွယ်ထားတာက.....'

တုဟွိုင်အန်းအတွေးထဲမှာအလင်းတစ်ချက်
ဖြတ်သွားကာချက်ချင်းဆိုသလိုသူ့မျက်လုံးတွေလည်းတောက်ပသွားသည်။

'သိသာပါတယ်

ကျန်းကျို့ကသူ့အိမ်မှာနေချင်လို့အခွေကြည့်ဖို့လုပ်လိုက်တာပဲ'

တုဟွိုင်အန်းစိတ်မှာထဲတော့ သူပိုင်ကျီ့အတွေးတွေကိုဖောက်မြင်ရတယ်လို့ခံစားလိုက်ရ၏။သူချောင်းအနည်းဟန့်လိုက်ကာကစားပွဲကိုသူနိုင်အောင်ဆော့နိုင်ရမှာပေါ့။

"သခင်လေးဒါကိုကြိုက်တဲ့အတွက်ဂုဏ်ယူမိပါတယ်"

သူTVဖွင့်လိုက်ကာအခွေကိုplayerထဲထည့်လိုက်သည့်တချိန်တည်းမှာပဲဆိုဖာပေါ်မှာထိုင်နေ့သည့်ပိုင်ကျီ့ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။

'ကြည့်ပါအုံး၊သူတော်တော်လေးစိတ်လှုပ်ရှားနေတာပဲ။ဒါပေါ့ ကိုယ့်အိမ်မှာအကြာကြီးနေရတော့မယ်ဆိုပြီးပျော်နေရှာမှာ'

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now