Arc(1) ရုပ်ရှင်ဧကရာဇ် /2/

4K 671 33
                                    

#Unicode#

//သူငါ့ကိုနက်နက်နဲနဲချစ်နေတာပဲ//

နက်မှောင်တဲ့ဆံကေသာတွေကပုခုံးထက်ပြန့်ကျဲနေပြီး ညှပ်ရိုးလေးတွေဟာလည်းခပ်ရေးရေးလေးထင်းနေသည်။သွယ်လျလှတဲ့ခြေတံလေးတွေဟာလည်းဒူးထိရောက်တဲ့အနီရောင်စကပ်လေးအောက်တွင်တည်ရှိနေသည်။သူ့ကိုထူးဆန်းစွာ
ကြည့်နေကြတဲ့လူတွေကိုလစ်လျူရှုလိုက်ပြီးဆံပင်ကိုသပ်လိုက်ကာလူရွေးပွဲခန်းမတံခါးကိုအလျင်လိုခြင်းမရှိဘဲဖွင့်လိုက်တော့သည်။

တစ္ဆေဒါရိုက်တာတစ်ယောက်ဟုလူသိများတဲ့လင်းကျင့်ရဲ့မျက်လုံးတွေကတောက်ပသွားခဲ့တယ်။အနီးရှိရေခွက်ကိုယူလိုက်ပြီးပိုင်ကျီအားကိုယ့်ကိုယ်ကိုမိတ်ဆက်ပေးရန်လက်ကိုအပေါ်မြှင့်​ပြီးညွှန်ပြလိုက်တယ်။

ပိုင်ကျီရဲ့အပြုံးလေးကကွေးညွှန့်သွားပြီး

"မဂ်လာပါ စီနီယာတို့ကျွန်တော့်နာမည်
တုကျန်းပါ။ခေါင်းဆောင်မင်းသမီး
ရှောင်းရှောင်းနေရာအတွက်လူရွေးပွဲလာဖြေတာပါ"

လင်းကျင့်သောက်လတ်စရေတွေကိုထွေးထုတ်မိသွားတော့တယ်။

"ယောကျာ်းလေးလားဟ"

ပိုင်ကျီပြုံးပြီးခေါင်းညိတ်ပြလိုက်တယ်။

လင်းကျင့်မှာမိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင်

"​ခေါင်းဆောင်မင်းသမီးနေရာအတွက်လာတာ?"

ပိုင်ကျီဆက်ပြီးခေါင်းညိမ့်ပြလိုက်သည်။

"တုကျန်း?"လင်းကျင့်ခဏလောက်စဥ်းစားခန်းဝင်သွားတယ်။

"ဒီနာမည်ကရင်းနှီးနေသလိုဘဲ ah"

ဘေးနားကလူတစ်ယောက်ကလင်းကျင့်နားကပ်လာပြီးတိုးတိုးလေးပြောလိုက်တယ်

"တုကျန်းက နိမိတ်မကောင်းဘူး online antis တွေနဲ့မကြာခဏတွေ့ရတတ်တယ်"

အခုတော့လင်းကျင့်မှာစစတွေ့တုန်းကလိုမျိုးစိတ်လှုပ်ရှားမှုတွေလျော့နည်းသွားသည်။
သူ့ရဲ့နှလုံးသားရောဝိညဥ်ကိုပါအလုပ်ထဲမှာပဲပုံအပ်ထားသူဖြစ်ရာအပြင်လောကကြီးရဲ့လူတွေအကြောင်းကိုသိပ်မသိပေ။တုကျန်းကိုလည်းအနုပညာလောကထဲမှာမှတ်တမ်းတင်လောက်စရာဖြစ်ဖြစ်မြောက်မြောက်တစ်ခုမှမရှိဘဲanti-fan တွေကြောင့်သူhot search ထဲပင်မကြာခဏရောက်တတ်ကြောင်းမသိပေ။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now