Arc(3) ဗိုလ်ချုပ်ကြီး /18/

3.2K 435 24
                                    

#Unicode#

//ပုန်ကန်သော ဗိုလ်ချုပ်ကြီးနှင့် အင်ပါယာမင်းသား//

"တုဟွိုင်အန်းက ဖန်ကျင်းမော့ပဲ။ ဦးလေး ကျွန်တော်ပြောတာမှန်ရဲ့လား?"

System တစ်ခဏမျှတိတ်ဆိတ်သွားကာ

"မင်းဘယ်လိုလုပ်ပြီးသိသွားတာလဲ"

"လူနှစ်ယောက်ကဘယ်လိုတောင် အဲ့လောက်တူနေနိုင်မှာလဲ?"
ပိုင်ကျီ အသံထွက်လာကာ "သူတို့ရဲ့ ဝိညာဥ်အနံ့သက်ကအစတိတိကျကျကြီးကိုတူနေတာလေ"

System:"ငါ......"

"အဆင်ပြေပါတယ် ဦးလေးရယ်။ဦးလေးက ကျွန်တော်ကိုထိခိုက်အောင်မလုပ်ဘူးဆိုတာကိုကျွန်တော်ယုံပြီးသားပါ။"
ပိုင်ကျီပြုံးလိုက်ကာ "ဦးလေးဘာလို့ကျွန်တော့်ကို ဖုံးကွယ်ထားလဲဆိုတာကိုကျွန်တော်မမေးဘူး၊ကျွန်တော် တခြားမေးခွန်းတစ်ခုမေးမယ်"

"ဘာမေးခွန်းလဲ"

ပိုင်ကျီ အခိုက်တန့်မျှရပ်တန့်သွားပြီးကာမှ ပြောလာတော့သည် "ကမ္ဘာတွေကူးတိုင်းမှာ သူကျွန်တော့်ကိုမှတ်မိနေမှာလား"

"သူမမှတ်မိဘူး" systemရိုးရိုးရှင်းရှင်းပဲ ဖွင့်ဟလာလေသည်။"သူတို့တွေက နောက်ဘဝပြောင်းသွားတာလို့လဲ မှတ်ယူထားလို့ရတယ်။"

"အဲ့လိုကိုး" ပိုင်ကျီ သူနှုတ်ခမ်းတွေ စေ့သွားကာ ပြုံးလာလေသည်။နောက်ဆုံးအကြိမ်အဖြစ် တုဟွိုင်အန်း ငြိမ်သက်စွာလှဲလျောင်းနေသည့်ပုံလေးကို ကြည့်လိုက်ကာ အနည်းငယ် နှုးညံ့သောလေသံဖြင့်ပြောလာလေသည် "ဒါဖြင့်လဲ နောက်ကမ္ဘာတစ်ခုကိုသွားကြတာပေါ့။"

"ကောင်းပြီ"

Systemသူ့ရဲ့ ပုံစံအားဖော်ထုတ်လိုက်ကာ သူ့၏ဝမ်းဗိုက်အားဖွင့်လိုက်ပြီး ပိုင်ကျီ့ကိုထိုထဲသို့ထည့်လိုက်သည်နှင့် တပြိုက်နက် ထိုနေရာမှရုတ်ချည်းပျောက်ကွယ်သွားတော့သည်။

ပိုင်ကျီ သူ့မျက်လုံးတွေကိုဖွင့်လိုက်တော့ သူ့ရဲ့ဝမ်းဗိုက်နားကနေ နာကျင်မှုတချိို့ကိုခံစားလိုက်သည်။သူ့အသက်ပြင်းပြင်းရူသွင်းလိုက်ကာ မျက်လုံး​တွေဖွင့်တယ်ဆိုရုံလေးသာဖွင့်ကြည့်လိုက်တော့ ယောကျာ်းတစ်ယောက်က သူ့အားကန်နေလေသည်။ပိုင်ကျီလဲ သဘာဝအလျောက်ပဲ ပြန်လည်တိုက်ခိုက်ရန်ပြင်ဆင်လိုက်ပေရာ ရုတ်တရက်သူ့ရဲ့taskအားသတိရသွားလေသည်။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now