Arc(3) ဗိုလ်ချုပ်ကြီး /24.3/

1.4K 299 16
                                    

#Unicode#

"ဝမ်ကျုးကျီ"

ယာဥ်ပေါ်မှ အသံတစ်ခု ရုတ်ခြည်း ထွက်ပေါ်လာသည်။ဝမ်ကျုးကျီ ဗလာသက်သက်ငေးကြည့်နေမိရာမှာ နောက်သို့အမြန်လှည့်လိုက်သည်။

ပိုင်ကျီ သူ့အနောက်မှာ ရပ်နေခဲ့သည်။ မျက်နှာနဲ့အဝတ်စားတွေက မီးခိုးတွေကြောင့် မည်းနေခဲ့ပေမယ့် သူ့မျက်လုံးတွေကတော့ သတိရှိစွာတောက်ပနေကြသည်။

"ဝမ်ကျုးကျီ ခင်ဗျား စိတ်မပူနဲ့တော့​နော်။ကျွန်တော်အဆင်ပြေတယ်!"  ပိုင်ကျီ ပြုံးပြကာညင်ညင်သာသာပြောလာတယ်။
"မကြောက်နဲ့တော့နော် အိမ်ပြန်ပြီး လက်ထပ်ကြမယ်!"

ဝမ်ကျုးကျီ မျက်လုံးများ နီရဲလာသည်။အသက်ပြင်းပြင်းရှုသွင်းလိုက်ကာ ပိုင်ကျီ့ ဆီ ချက်ချင်းဆိုသလို ပြေးသွားလိုက်၏။

"ရှောက်လော့ ရှောက်လော့"

"ကျွန်တော် ဒီမှာရှိပါတယ်" ပိုင်ကျီ ဝမ်ကျုးကျီ နောက်ကျောကို ပွတ်သပ်ပေးရင်း ညင်သာစွာထပ်ပြောလာသည်။

"ဒီကနေသွားကြရအောင်"

သူတို့ ဘေးနားရှိပတ်ဝန်းကျင်တစ်ခုလုံး လေးလံသော ယာဥ်စိတ်ပိုင်းများ ပြုတ်ကျနေသည့် အသံများ ထွက်ပေါ်လာသည်။
ဝမ်ကျုးကျီ မျက်လုံးမှားမှေးစင်းရင်း ခဏမျှစဥ်းစားလိုက်သည်။ထို့နောက် ပိုင်ကျီ့ကိုအလျင်အမြန်ဆွဲ​ခေါ်လိုက်ပြီး သူ့အသံသည်လည်း တဖြည်းဖြည်းတည်ငြိမ်လာသည်

"အရေးပေါ်ကယ်ဆယ်ရေးယာဥ်တွေ
မလောင်သေးဘူး။ကိုယ်တို့ အဲဒါတွေကိုသုံးပြီး ထွက်သွားရမယ်”

ပိုင်ကျီ ထောက်ခံလိုက်ကာ လက်ဖဝါး​ပေါ်တွင် ချွေးစေးများထွက်နေ​တော့သည်။

အခုအခြေအနေတွေက အန္တရာယ်များလွန်းသည်။ပေါက်ကွဲမှုဖြစ်သွားတုန်းက systemသာ သူ့ကို အချိန်မီ မကယ်တင်ခဲ့ဘူးဆိုရင် သူ့အရိုးစုတောင် ကျန်နေတော့မှာမဟုတ်ပေ။

ပိုင်ကျီ ဒီကမ္ဘာကို ပထမဆုံးအကြိမ် ကူးပြောင်းပြီးလာကတည်းက အလွန် အန္တရာယ်များခဲ့သည်။ပိုင်ကျီ အသက်ပြင်းပြင်းရှုထုတ်လိုက်တော့သည်။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now