Arc(3) ဗိုလ်ချုပ်ကြီး /23/

1.8K 332 8
                                    

#Unicode#

Zerg အုပ်စုတွေ တစ်စုပြီးတစ်စုထပ်ရောက်လာကြသည်။ပိုင်ကျီ အသက်ရှုအောင့်လိုက်ကာ ဓားမြှောင်ကိုတင်းကြပ်စွာကိုင်မြှောက်၍သူ့ဒေါသများအား Zerg တို့ထံသာပုံချလိုက်​တော့သည်။ ပိုင်ကျီ၏သွေးချောင်းစီးစေသောစွမ်းရည်များကြောင့် သူ့အရှေ့မှ Zerg တို့အား ခြေလှမ်းအနည်းငယ်နောက်ဆုတ်စေနိုင်သည်အထိ ထိတ်လန့်စေခဲ့သည်။

ပိုင်ကျီအသက်ပြင်းပြင်းရှူကာ ဘေးပတ်လည်အားစစ်ကြည့်လိုက်သည် သူနှင့်
ယှဥ်ချရမည့်ရန်သူအား မတွေ့ပေ။
ပိုင်ကျီဝမ်ကျူးကျီအားကူညီရန်
လှည့်ကြည့်လိုက်သည့်တစ်ခဏတွင်ပဲ သူ့စိတ်ထဲမှ ကျယ်လောင်စူးရှသည့်သတိပေးချက်တစ်ခုအား ကြားလိုက်ရလေသည်။ [အဆင့် A သတိပေးချက်! ဗီလိန်အသက်အန္တရာယ်ရှိနေပါတယ်!! Host ကယ်နိုင်သမျှမြန်မြန်ကယ်ပေးဖို့ တောင်းဆိုပါတယ်]

ပိုင်ကျီ ဝမ်ကျုးကျီရှိရာသို့ လျှင်မြန်စွာလှည့်ထွက်သွားချင်သော်လည်း Zergတို့၏ဓားချက်တစ်ချို့အား ခုခံလိုက်ရသေးသည်။ အခြားအကောင်များထက် အရွယ်အစားသိသိသာသာကြီးမားသော Zerg တစ်ကောင်သည် သူ၏ဦးမျှင်များအား လေထဲသို့ ဝေ့ရမ်းမြှောက်လိုက်ကာ ဝမ်ကျူးကျီ၏အနောက်ဘက်မှ ချောင်းမြောင်းတိုက်ခိုက်ရန်ကြံနေသည်ကို မြင်လိုက်ရသည်။ ပိုင်ကျီ့ နှလုံးတစ်ချက်ဆောင့်ခုန်သွားကာ ဘာမှတွေးတောမနေတော့ပဲ ဝမ်ကျူးကျီအစား ဝင်ခံပေးလိုက်​တော့သည်။

"ရှောင့်လော့!!!"

ရုတ်တရက်ဆိုသလို ချွန်မြထက်ရှသည့်
ဦးမျှင်တစ်ချောင်းက ပိုင်ကျီ့ဝမ်းဗိုက်တွင်းသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ပိုင်ကျီ နာကျင်လွန်းသော်လည်း အသံတစ်ချက်မထွက်ပဲ ဦးမျှင်အား လျင်မြန်စွာနှုတ်ယူကာချိုးပစ်လိုက်သည်။ ဦးမျှင်အချိုးခံလိုက်ရသော ထို Zerg က နာကျင်စွာမြည်တမ်း၍ ခြေလှမ်းအနည်းငယ်ဆုတ်သွားသည်နှင့်တပြိုင်နက် နောက် Zerg တစ်ကောင်မှာ ရှေ့သို့တတ်လာကာ တိုက်ခိုက်လာလေသည်။

ဝမ်ကျူးကျီ ပိုင်ကျီရှေ့သို့အပြေးသွားကာ ပိုင်ကျီ၏အနာတရဖြစ်မှုအား အခွင့်ကောင်းယူချင်နေသော ထိုအကောင်အား ပစ်ခတ်လိုက်သည်။ ပိုင်ကျီ အားအင်တို့ကုန်ခမ်းကာ အမြင်အာရုံများဝေဝါးလာပြီး ဆက်လက်တိုက်ခိုက်ရန် သူ့ဓားကိုပင် မြှောက်နိုင်စွမ်းမရှိတော့ချေ။ဝမ်ကျူးကျီ Zergအကောင်အချို့အား ရှင်းလင်းပြီးသည်နှင့် ပိုင်ကျီ့ခန္ဓာကိုယ်လေးအား သူ့လက်မောင်းတွင်းဆွဲသွင်းကာ တိုက်ခိုက်ချက်များအား သူ့ကိုယ်နှင့်ကာ၍ ကာကွယ်ပေးထားလိုက်သည်။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now