Arc(3) ဗိုလ်ချုပ်ကြီး /24.1/

1.6K 272 12
                                    

#Unicode#

အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ဝမ်ကျုးကျီ သူ့ပါးသူပြန်ပွတ်ကြည့်လိုက်ကာ မှင်သက်နေမိရာမှ ပြန်သတိရလာတော့သည်။

"မင်း....."

"စစ်တပ်စည်းကမ်းတွေအကြောင်း လာမပြောနဲ့" ပိုင်ကျီနောင်တမရှိသော မျက်နှာနှင့်ပြောလာသည်။
"သူ့ဘာသူ စည်းကမ်းတွေကဘာပဲဖြစ်ဖြစ် ကျွန်တော်နမ်းမှာက နမ်းမှာပဲ"

ဝမ်ကျုးကျီ မျက်နှာတစ်ခုလုံးနီရဲလာသည်။ထို့နောက် တဖက်သို့လှည့်လိုက်ကာ ပိုင်ကျီ့အား လက်ညိုးတစ်ထိုးထိုးဖြင့်
"မင်း...မင်း..မင်း"

"ကျွန်တော် နားမထောင်ဘူး နားမထောင်ဘူး!" ပိုင်ကျီ သူ့နားတွေအားပိတ်ထားလိုက်ကာ မရပ်မနားပြောလာတော့သည်
"ဒီနေ့ ကျွန်တော့်ကိုဘယ်လိုပဲဆူဆူ နားမထောင်တော့ဘူး။အခုဒီနေရာမှာပဲ ပြောလိုက်မယ်နော်! ကျွန်တော်တို့ နမ်းတာက နမ်းပြီးသွားပြီ ခင်ဗျားတာဝန်မယူလို့မရဘူး! ခင်ဗျား ဒေါသထွက်ပြီးသေတဲ့အထိကိုနမ်းလိုက်အုံးမှာ!"

ဝမ်ကျုးကျီ အသက်တောင်ဖြောင့်ဖြောင့်မရှုနိုင်တော့ပေ

"မင်းက ကိုယ့်ကိုထပ်ပြီးဒေါသထွက်စေချင်သေးတာလား"

"ကျိန်းသေပေါက်ပဲ!" ပိုင်ကျီဆူပုတ်ပုတ်နှင့်ပြောလာသည်။

"ငါ့နဲ့ တကယ်ပဲ..." ဝမ်ကျုးကျီ သက်ပြင်းချလိုက်ကာ ပိုင်ကျီ့ရှေ့သို့လမ်းလျှောက်သွားပြီး လေသံခပ်မြင့်မြင့်နှင့်ပြောလာသည်
"ပါးလေးကို နမ်းတာလောက်နဲ့ တာဝန်ယူပေးရမယ်ပေါ့လေ ဒီကိစ္စကိုမရှင်းပေးလို့ မင်းကကိုယ့်ကို ဒေါသထွက်စေချင်နေတာလား"

သူ့ရှေ့သို့ခန့်ညားစွာလျှောက်လာပြီး ပုခုံးနှစ်ဖက်အား ဖိချလာသော ဝမ်ကျုးကျီကြောင့် ပိုင်ကျီ အနည်းငယ်ထိန့်လန့်မိသွားသည်။ဝမ်ကျုးကျီ ခေါင်းငုံ့၍ ပိုင်ကျီ့မေးဖျားလေးအားပင့်မလိုက်ပြီး နှုတ်ခမ်းထောင့်အားနမ်းလိုက်တော့သည်။

ပိုင်ကျီ အံ့သြမှုတို့ကြောင့်မျက်လုံးပြူးမိသွားတော့သည်။

ခဏအကြာမှာတော့ ဝမ်ကျုးကျီ လွှတ်ပေးလိုက်ကာ ရယ်ချင်​နေသည့်အမူယာကိုထိန်းထားရင်းပြောလာသည် "အသက်ဘယ်လိုရှုရမလဲတော့ မင်းသိသားပဲ၊ မဆိုးပါဘူး"

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now