Arc(4) ကျောင်းလူဆိုးလေး /28.1/

1.1K 235 8
                                    

#Unicode#

ပိုင်ကျီ အရင်က ကျောင်းမတတ်ဖူးသလိုသလို စာအုပ်လည်း မဖတ်ဖူးပေ။သူ့လိုနတ်ဆိုးလေးတစ်ကောင်အတွက် ပိုက်ဆံကလေထဲကနေကျမလာတတ်တာကြောင့် ပိုင်ကျီ ကျောင်းသွားတက်သော ကလေးနှစ်ယောက် သုံးယောက်အုပ်စုဖြင့် လိုက်သွားချင်ခဲ့သည်။

သူ၏မူလပုံစံသို့ခဏမျှပြောင်းလိုက်ပြီး ကျောင်းအပြင်ဘက်တွင် တိတ်တိတ်လေးလှည့်ပတ်ကာ ဆော့ကစားနေတတ်သည်။တစ်ခါတလေ စာသင်ခန်းထဲကဆရာကို ကြည့်ပြီး ထိုဆရာလုပ်သည့်အတိုင်းလိုက်တုပတတ်သေးသည်။

တစ်ချို့ကျောင်းသားတွေက ကျောင်းမှာမိုးချုပ်တဲ့အထိနေတတ်ကြသည်ပင်။
ပိုင်ကျီ တစ်ခါက scholarကျောင်းသားတစ်ယောက်နဲ့တွေ့ခဲ့ဖူးသည်။ကျောင်းပြတင်းပေါက်ရဲ့တံစက်မြိတ်အောက်က ပိုင်ကျီခဏခဏဝင်ပုန်းနေတတ်သည့်​နေရာဖြစ်သည်။ထိုကျောင်းသားကလဲ ပြတင်းပေါက်ကနေလက်ဆန့်ထုတ်ကာ သစ်သီးများပစ်ချပေးလေ့ရှိတယ်။

နောက်ပိုင်းတွင် ပိုင်ကျီဝင်ပုန်းနေတတ်သည့် ပြတင်းပေါက်နေရာသည် ထိုကျောင်းသားရဲ့ စာသင်ခန်းဖြစ်လာတော့သည်။

အဲ့နောက်မှာတော့... ကိစ္စတွေအများကြီးဖြစ်သွားခဲ့ပြီး ပိုင်ကျီလည်း ကျောင်းကို ဘယ်တော့မှ ထပ်မသွားတော့ပေ။

ဒါက ပထမဆုံးအနေနဲ့ ပိုင်ကျီကျောင်းသားဘဝကို ကူးပြောင်းလာခဲ့ရတာဖြစ်သည်။ပိုင်ကျီ အခုတော့ စာသင်ခန်းထဲကခုံမှာ စိတ်အားထက်သန်စွာထိုင်နေပြီး အပျော်လွန်နေတော့သည်။

အတန်းစချိန် ဆရာမ စာသင်ခန်းရှေ့သို့ လျှောက်သွားသည်ကို ပိုင်ကျီ အပြုံးတစ်ခုနှင့်အတူ ဝမ်းသာအားရကြည့်နေသည်။ဆရာမက စာရွက်ဖြူတွေဝေပေးသည်ကိုလဲ ဝမ်းသာအားရဖြင့်ကြည့်ကာ ဆရာမပြောသည်ကို ပျော်ရွှင်စွာနားထောင်နေသေးသည်။

“အတန်းထဲမှာ အဆင့်အလိုက် ဥာဏ်စမ်းတွေထည့်ထားပေးတယ်။
ခိုးချတာတို့ မေးတာတို့ဆိုအပြစ်ပေးခံရမယ်”

နတ်ဆိုးလေး ပြုံးတွေရပ်တန့်သွားတော့သည်။

သူရှေ့ရှိ စာရွက်ကိုဖြည်းညင်းစွာကိုင်လိုက်ပြီး နေ့တစ်ဝက်ကြာသည်အထိစိုက်ကြည့်နေလေသည်။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Hikayelerin yaşadığı yer. Şimdi keşfedin