Arc(3) ဗိုလ်ချုပ်ကြီး /21.2/

1.7K 323 8
                                    

(Unicode)

//ဘယ်သူမှမမြင်နိုင်တဲ့ ထောင့်ကွယ်မှာ မင်းလက်ကိုဆုပ်ကိုင်ထားမယ်//

ဝမ်ကျုးကျီ ပိုင်ကျီထိုသို့ပြောလာသည်ကိုကြားတော့ ထိတ်လန့်မိသွားသည်။

ပိုင်ကျီကတော့ ထိုလောက်ဂရုမစိုက်ပေ။သူ့ရဲ့နှလုံးသားက ရှုပ်ထွေးမနေခဲ့သလို အလှည့်အပြောင်းလဲမများပေ။သူ့၏သဘောကျခြင်း မကျခြင်းများကို ဖုံးကွယ်မထားတတ်ပေ။
ဒါတွေက ထိုသူနှင့်မတွေ့ဆုံခင်တုန်းကပေ။
အခု ထိုသူနှင့်တွေ့ဆုံလာမှသာ အခက်ခဲကြီးကြုံရပေတော့သည်။သို့ပေမယ့် သူပြောပြရ​ပေမည်။

သို့ရာ ဝမ်ကျုးကျီ အတွေးများကတော့
ပျံ့လွှင့်နေတော့သည်။

သူ့စိတ်တွေပြန်လည်မစုစည်းနိုင်ခင်အထိ ခဏမျှ တောင့်တင်းစွာနေရာမှပင်ရပ်နေလေသည်။

ဝမ်ကျုးကျီ စကားပြောဖို့ရာ ကြိုးစားနေစဥ်မှာပင် ပိုင်ကျီစကားလုံးအချို့နှင့်ထိုးနှက်လာပြန်သည်။

"အခုဗိုလ်ချုပ် ကျွန်တော့်ကိုကြိုက်လား"

"ငါမင်းကိုမကြိုက်ဘူး!"

ပြန်ဖြေလာသည်က အလွန်ပင်လျှင်မြန်လှသည်။

ဒါပေမယ့် ပိုင်ကျီ အရှုံးမပေးလိုပေ

"ဘာလို့လဲ"

"ဘာလို့လဲဆိုတော့၊ ဘာလို့လဲဆိုတော့မင်းတစ်ယောက်ယောက်ကို သဘောကျကြိုက်နှစ်သက်တဲ့အခါ မင်းရဲ့နှလုံးခုန်သံ
တွေမြန်လာလိမ့်မယ်"
ဝမ်ကျုးကျီ ထိုသို့ပြောပြီးနောက် တံတွေးမြိုချလိုက်သည်။

"အခု ဗိုလ်ချုပ်နှလုံးခုန်သံတွေမြန်နေတယ်နော်"

"အဲ့တာက ငါစိတ်ရှုပ်​နေလို့" ဝမ်ကျုးကျီ ပြန်​ပြောလာသည်။
"တစ်ကယ်လို့ မင်းတစ်ယောက်ယောက်ကို သ​ဘောကျတဲ့အခါ သူ့ကိုတွေ့ရင်ရှက်နေမိ
လိမ့်မယ်"

"ဗိုလ်ချုပ်ရဲ့လည်ပင်းတွေနီရဲနေတာ အဲ့တာရှက်နေတာပဲမဟုတ်ဘူးလား" ပိုင်ကျီ ပွင့်လင်းစွာပင် ပြန်ပြောလာသည်။

"အဲ့တာက အခုအရမ်းပူနေလို့နီနေတာ" သူနှစ်ခါပြန် သေပေးရမည်ဆိုရင်တောင်ဝန်မခံမှာမဟုတ်​​ပေ။
"မင်းတစ်ယောက်ယောက်ကို သ​ဘောကျတဲ့အခါ____"

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now