Arc(2) No.(1) Host /11/

2.8K 472 11
                                    

#Unicode#

//ဆယ်ကျော်သက်အချစ်ဂိမ်းကိုကစားနေတာလား?//

တုဟွိုင်အန်းစိတ်ထဲကအတွေးတွေကို
ပိုင်ကျီမသိပေမယ့်သူကတော့သတိရှိရှိနဲ့ညီငယ်လေး တာဝန်တွေကိုကျေပွန်အောင်ထမ်းဆောင်နေသည်။

"ကျွန်တော်ခင်ဗျားအတွက်ဟင်း​တွေချပေးမယ်"

"ကျွန်တော်ရေခပ်ပေးမယ်"

"ကျွန်တော်ယပ်ခပ်ပေးမယ်"

"ကျွန်တော်...."

"သခင်လေးကျန်းကျို"

တုဟွိုင်အန်းပိုင်ကျီ့လက်ကိုဖမ်းဆွဲလိုက်၏။​
အခြေနေတွေကို ဘယ်လိုပြောသင့်လဲဆိုတာစဥ်းစားလိုက်ကာဆက်ပြောလာပေသည်။

"သခင်လေးအဲ့လောက်ကြီးအာရုံစိုက်ပေးဖို့မလိုပါဘူး"

"အဲ့လိုမဟုတ်ပါဘူး" ပိုင်ကျီ ဂျောက်ဂျက်ခါသလိုခေါင်းခါပြလာသည်။

"ကျွန်တော်ကကောင်းကောင်းဂရုစိုက်ပေးနေတာပါ"

တုဟွိင်အန်းယဲ့ယဲ့လေးပြုံးလာ၏

"သခင်လေးကတော့အထင်လွဲနေပြီထင်ပါတယ်"

တုဟွိုင်အန်းခဏမျှရပ်သွားကာဆက်ပြောလာသည်။

"ဒီနှိမ့်ကျတဲ့ဟွိုင်အန်းကသခင်လေးကျောင်ကိုသခင်အဖြစ်လက်ခံထားတာပါ။ဒါကြောင့်သခင်လေးကဒီလိုမျိုးနှိမ့်ကျတဲ့အလုပ်တွေကိုလုပ်နေစရာမလိုပါဘူး"

သူပြောတာကြားလိုက်တော့ ပိုင်ကျီမေးထောက်လိုက်ကာတုဟွိုင်အန်းကိုအချိန်ကြာကြီးငေးကြည့်နေပြီးမှပြောလာသည်

"ဒါဆိုကျွန်တော်ခင်ဗျားရဲ့ customer
မဖြစ်ချင်တော့ဘူး"

"ဟင်?"

"ကျွန်တော်ခင်ဗျားရဲ့ညီ......သူငယ်ချင်းလေးဖြစ်ချင်တယ်"

တုဟွိုင်အန်း ဆီကချက်ချင်းဆိုသလိုရယ်သံထွက်လာ၏

"ကိုယ့်ရဲ့သူငယ်ချင်းလား?"

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး "

ပိုင်ကျီလျှင်မြန်စွာငြင်းပယ်လိုက်၏။သူအခုလေးတင် 'ခင်ဗျားရဲ့ညီငယ်လေး' လို့မဆင်မခြင်ပဲပြောထွက်မိတော့မလို့။ ကံသီပေလို့
ကိုယ့်ကိုကိုယ်အမြန်ပြန်ပြင်ပြောလိုက်နိုင်တာ။

ငါဗီလိန်ကြီးရဲ့Fan boyတစ်​ယောက် ဖြစ်လာပြီ(MM Translation) Where stories live. Discover now