Ep (1)

27.1K 965 37
                                    

လူတိုင်းကတော့ဘဝမှာအချစ်ဆိုတဲ့အရာနဲ့တော်တော်များများထိတွေ့ကြတယ်...ဥပမာ မိဘ၊သူငယ်ချင်း ၊မောင်နှမ ၊ချစ်ရသူ အစရှိသဖြင့်အချစ်တွေနဲ့ပြည့်နှက်နေကြတာပေါ့...
ဒါပေမဲ့အချစ်ခံရတဲ့သူတွေရှိသလို...၊အချစ်တွေနဲ့ကင်းကွာနေတဲ့လူတစ်ချို့လဲရှိတာပေါ့...သူတို့လေးတွေဟာ Right person ဆိုတာကိုမတွေ့ခင်မှာတော့အချစ်ဆိုတာကိုဘာမှန်းမသိခဲ့ကြဘူး...အဲ့ထဲမှာထွဋ်ဝီရဦးဆိုတဲ့ကျွန်တော်လဲအပါအဝင်ပေါ့....

At Kingsmen Company...;

ထွဋ်ဝီရဦး...Kingsmen company Owner. ...
Kingsmen လို့ပြောလိုက်တာနဲ့မသိ
တဲ့သူမရှိလောက်အောင်ကျော်ကြားသည်လေ...။
အသက် 26နှစ်အရပ်6ပေကျော်...အသားညိုညိုနဲ့Gym ကစားလို့လိုအပ်တာထက်ပိုပြီးကြည့်ကောင်းနေတဲ့ခန္ဓာကိုယ်အချိုးအစား..။ပြုံးလိုက်ရင်ပေါ်လာတဲ့ပါးချိုင့်လေးတွေ...မရိတ်သင်ထားတဲ့နှုတ်ခမ်းမွှေးစိမ်းဖန့်ဖန့်လေးတွေကထွဋ်ဝီရဦးကိုပိုပြီးခန့်ငြားအောင်ထောက်ပံ့ပေးနေသယောင်...။

ထိုပါးချိုင့်ကို​မြင်ဖူးတဲ့လူကလက်ချိုးရေတွက်လို့ရသည်အထိကိုရှားတယ်...။ဘာလို့ဆိုထွဋ်ဝီရဦးရဲ့အမေဆုံးပါးသွားတဲ့အချိန်ထဲကသူ့မျက်နှာထက်ကအပြုံးအရီတွေပျောက်ကွယ်နေခဲ့တာဘဲ...။ထိုသူကတော့သူအရမ်းချစ်ရတဲ့အမေပေါ့...ငယ်ငယ်ထဲကအဖေနှိပ်စက်မှုကြောင့်မိသားစုဘဝပျက်ရလောက်တဲ့အထိဖြစ်ခဲ့ရပြီးအမေလဲစိတ်ထောင်းကိုယ်ကြေနဲ့ဆုံးပါးသွားခဲ့ရတယ်။

ထိုစဥ်ကထဲကအဖေကိုစိတ်နာကာဦးလေးနဲ့အတူနေထိုင်ပြီးအသက် 16မှာဦးလေးရဲ့ Hypen ဂိုဏ်းကိုဦးဆောင်နိုင်ခဲ့တယ်...။အလင်းမှာတော့ Ceo
ထွဋ်ဝီရဦးအဖြစ်နေပြီး...မူးယစ်ဆေးဝါးနဲ့ပတ်သတ်တဲ့မှောင်ခိုလုပ်ငန်းတွေမှာတော့သူဟာ Hunter K အဖြစ်မျက်နှာဖုံးအုပ်ထားနိုင်ခဲ့တယ်။

ခုတော့အောင်မြင်တဲ့ စီးပွားရေးသမားဖြစ်
နေတာပေါ့...။သူ့ဘဝမှာအချစ်ဆုံးဆိုလို့အမေဘဲရှိခဲ့တယ်...။သူ့အတွက်တော့အချစ်ဆိုတာချိုသလား...ခါးသလားတောင်မသိခဲ့ရဘူးအလုပ်ထဲမှာဘဲအမြဲစိတ်နှစ်ခဲ့တာမို့...။အတိတ်ကအကြောင်းကိုတွေးနေမိတော့...တံခါးခေါက်သံတောင်မကြားမိလိုက်ပေ...။

l Found Right Person(Complete)Where stories live. Discover now