Ep (31)

3.2K 190 14
                                    

[Unicode]

အစ်မရဲ့နောက်ဆုံးခရီးကိုသေချာလုပ်ပေးပြီး...ရှင်းပိုင်လဲကလေးတွေသေချာပြုစုစောင့်ရှောက်ရမယ်ဆိုတဲ့စိတ်ဝင်မိတယ်...အစ်မကသူ့ကိုယုံကြည်လို့စိတ်ချလက်ချထားခဲ့သည်မဟုတ်ပါလား...အစ်မကိုပေးထားတဲ့ကတိတည်အောင်ကျွန်တော်ကြိုးစားပါ့မယ်....

သားအကြီးလေးကွာကွာကိုကျွန်တော်ဘယ်လိုပြောပြရမှန်းမသိအောင်ဖြစ်ခဲ့ပေမဲ့ကွာကွာလေးကအရမ်းကိုနားလည်တဲ့ကလေးတစ်ယောက်ဖြစ်နေတယ်အစ်မ...အစ်မဆုံးပြီးနှစ်ရက်ကြာတော့..

Flash Back Start...

"သား...ကွာကွာ "

"ဂျာ..ပါးပါးယေး "

"ပါးပါးပြောစရာရှိတယ် "

"ဟုတ် "

"သားမေမေမရှိတော့ဘူးသားရဲ့ ...အဟင့် "

" ငိုနဲ့ယေပါးပါးယေးကယဲ...ပါးပါးယေးငိုတော့သားလဲငိုချင်ရယ် "

"သားရယ်...."

ကွာကွာလေးကိုကြည့်ပြီးငိုချင်စိတ်ထိန်းမရတော့တာကြောင့်သားကိုဖက်ပြီးတော့သာငိုလိုက်တယ်..

"ပါးပါးယေးငိုနဲ့နော်...မေမေကပြောတယ်
မေမေမရှိတော့ရင်ပါးပါးယေးတို့ကိုအများကြီးပိုရှစ်ပေးရမယ်တဲ့..."

"မေမေကဟိုကောင်းကင်ပေါ်ကနတ်သမီးယေး
အဖြစ်နဲ့ကွာကွာတို့ကိုစောင့်ကြည့်နေမှာတဲ့..မေမေမရှိလဲပါးပါးယေးကိုစိတ်ချမ်းသားအောင်ထားရမယ်တဲ့ "

"ပါးပါးသားလေးရယ် "

*သိပ်ကိုသိတတ်တဲ့ကလေးငယ်လေးပါ..သူ့အမေပြောသမျှစကားကိုနားထောင်တဲ့ကလေးငယ်...အစ်မရယ်..ကျွန်တော့်သားအရင်းတွေလို
စောင့်ရှောက်ပေးပါ့မယ်လို့ကျွန်တော်ကတိပေးပါတယ်..*

Flash Back End....

"ကလေး...ကလေး "

"ဗျာ..ဦးထွဋ် "

"ဘာတွေတွေးနေတာလဲကလေးပေါက်...
လက်ထဲကသားငယ်လေးတောင်နို့ဘူးကုန်လို့အိပ်ပျော်သွားပြီ "

"ဟုတ်သားဘဲ...ခဏလေးနော်က​လေး
​ပုခက်ထဲထည့်ပေးလိုက်အုံးမယ် "

သားငယ်ကိုပုခက်ထဲထည့်ပြီးတာနဲ့....ဦးထွဋ်ကရှင်းပိုင်ကိုချီကာကုတင်ပေါ်၌ထိုင်လိုက်သည် ။

l Found Right Person(Complete)Where stories live. Discover now