Ep (27)

2.9K 248 19
                                    

[Unicode]

Company ကဝန်ထမ်းတွေနဲ့အိမ်ကအလုပ်သမားတွေကတော့မနက်အစောကြီးသွားကြတယ်..ထွဋ်ကတော့ကလေးပေါက်လေးမျက်နှာမ​ကောင်းတာကြောင့်ကလေး
ကိုသေချာချော့မေ့ပြီးမှသွားဖို့ပြင်ဆင်ရတယ်...

ခုလဲကြည့်အိမ်ကထွက်လာတဲ့တစ်လျှောက်လုံးဘာစကားမှမပြောဘူး...တမှိုင်မှိုင်တတွေတွေနဲ့ကလေးပေါက်....ကလေးပင်ပန်းမှာစိုးလို့ကားနဲ့မသွားဘဲလေယာဥ်နဲ့သာသွားလိုက်တယ်...
တစ်လမ်းလုံးအိပ်လာတဲ့ကလေးဟာ Hotel အခန်းထဲရောက်တဲ့အထိမနိုးသေးပေ

"ကလေး...ကလေး "

"အွန်းးးး "

"ကိုယ်တို့ ငပလီရောက်ပြီလေ "

"ဟမ်...ဟုတ်လို့လား "

"ဟားဟား..ဟုတ်ပါတယ်ဗျာ...
တစ်လမ်းလုံးအိပ်ပုတ်လေးကအိပ်လာတော့ဘယ်သိပါ့မလဲကွာ "

"ဦးထွဋ်နော်...သူများကိုအိပ်ပုတ်တဲ့ "

"ဟုတ်တာဘဲလေအိပ်ပုတ်လေး...ခုတလောဝလာတော့ချီတောင်မချီနိုင်တော့ဘူး..ဟူးးးဘယ်လိုလုပ်ကြမလဲ "

ထွဋ်အပြောတောင်မဆုံးသေးဘူးကိုယ်ပေါ်ကိုမျက်နှာချင်းဆိုင်အနေထားနဲ့ခွတက်လာတဲ့ကလေး..သူလေးကပြုတ်ကျမှာစိုးလို့ထွဋ်လည်ပင်တွေကိုဖက်တွယ်ထားလေရဲ့...ထွဋ်လဲကလေးရဲ့ခါးသိမ်လေးကိုကျစ်နေအောင်ဖက်ထားလိုက်တယ်

"ကလေးကမဝပါဘူး..ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်လာတာပါ "

"အာ့..ဦးထွဋ်ဘာဖြစ်လို့ကိုက်တာလဲ "

"ကလေးဘဲပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်လာတာဆို.....အာ့ကြောင့်ကိုက်ကြည့်တာ "

"ဟွန့်...ဘာမှန်းလဲမသိဘူး
သူများနာသွားပြီ "

"ဥုံဖွ..ဥုံဖွ...မွ..မွ..မွ "

"ဟာ..ဥုံဖွလုပ်တာနဲ့နမ်းတာနဲ့ဘာဆိုင်လို့လဲဟင် "

"ကိုယ်လဲမသိဘူးလေ...အသဲယားစရာကောင်းနေလို့နမ်းလိုက်တာ "

"ရားးးလူလည်ကြီး "

"ကလေး..."

"ဗျာ.."

"စိတ်မကောင်းမဖြစ်နဲ့နော်.. "

"ဟုတ်..ကလေးစိတ်မကောင်းမဖြစ်ပါဘူး
ပုစိလေးဝမ်းနည်းသွားတာ "

l Found Right Person(Complete)Where stories live. Discover now