Extra (5) Final

3.2K 169 30
                                    


[Unicode]

ညနေခင်းရောက်တော့...ကွာကွာနဲ့သစ်လေးတို့နှစ်ယောက်လုံးကမ်းခြေဆီသွားဖို့ရာ...တစ်နေ့လုံးအခန်းထဲကအခန်းပြင်မထွက်တဲ့ပါးပါးတို့ဆီသွားရတော့သည်..။

ဒေါက်..ဒေါက်..ဒေါက်

"ပါးပါးရေ "

"ဗျာ.."

"တစ်နေ့လုံးအခန်းတွင်းအောင်းနေတာ..ဘာသဘောလဲ "

ပြောလဲပြောကုတင်ပေါ်တက်လာပြီးရှင်းပိုင်ပေါင်ပေါ်တွင်နှုတ်ခမ်းဆူကာနေတဲ့ကွာကွာ..သစ်လေးကတော့ Tv remote နဲ့အလုပ်ရှုပ်နေလေရဲ့...။

"ဟော့ဗျာ...သားတို့ရဲ့ Daddy ကြီးကအလုပ်ကိစ္စနဲ့နေ့လည်ထဲကထွက်သွားတာလေကွာ...အဲ့တော့
ပါးပါးလဲအခန်းထဲမှာဘဲနေတာပေါ့"

"ကွာကွာလဲမသိရပါလား...မဖြစ်ဘူးပါးပါးကိုတစ်ယောက်ထဲထားခဲ့တဲ့ Daddy ကိုကွာကွာဆူမှဖြစ်တော့မယ် "

လက်ညိုးလေးထောင်ပြီးရန်လိုနေတဲ့ကွာကွာ...ရှင်းပိုင်သေချာကြည့်မိတော့ကွာကွာရဲ့လက်သန်းကြွယ်မှာအရုပ်ပုံလေးတွေနဲ့ရေစိုခံဟန်နီးပလက်စ့်လေး...စိုးရိမ်စိတ်ကဒီရေလိုတက်လာမိတော့
ကွာကွာလက်ကိုဖမ်းကိုင်ကာ..

"သားကြီး...ဒါဘာဖြစ်တာလဲ "

"ဗျာ.."

"အော်..အဲ့ဒါလား...
ကွာကွာအာလူးကြော်ထုတ်ယူရင်းနဲ့လက်ကိုဘေးဘောင်နဲ့ရှမိသွားတာ...အဲ့တာနဲ့မြန်မာအဆင်လေး..အဲ့မှားလို့...မြန်မာကောင်လေးတစ်ယောက်ကဟန်နီးပလက်စ့်လေးကပ်ပေးသွားတာ..ဟီးဟီးး"

"ဖြစ်ရမယ်..ကွာကွာတို့ကတော့...ဆေးထပ်ထည့်ပေးမယ်..လာ "

"အန်းသွဲ့...မထည့်ဘူးနော်ပါးပါး "

"ဟော့ဗျာ...ဆေးထည့်မှာလေ.."

"ဟင့်အင်း...ဆေးမထည့်တော့ဘူး..
ဒီအရုပ်လေးတွေကိုချစ်လို့..ဟီးဟီးး "

"အင်းပါ..."

သားအဖနှစ်ယောက်စကားပြောနေစဉ်ဖုန်းလာတာကြောင့်ကြည့်မိတော့...ဦးထွဋ်

"Hello "

"ကလေးပေါက်...သားတို့နဲ့အတူအောက်ဆင်းလာခဲ့...ကမ်းခြေဘက်သွားရအောင် "

l Found Right Person(Complete)Where stories live. Discover now