Ep (22)

3.5K 233 3
                                    

[Unicode]

"ကလေးလဲလိုက်ချင်တယ်လေ ဦးထွဋ်ရာ "

"ဘာလို့ကလေးကိုမခေါ်တာလဲ...အဟင့်...ဦးထွဋ်မရှိရင်ကလေးမနေတတ်ဘူးလို့...ဗြဲ.. အူးးဝါးး "

ကုတင်ပေါ်၌လူးလိမ့်ကာအော်နေတဲ့ကလေးပေါက်ကိုကြည့်ကာထွဋ်လဲစိတ်မကောင်း..သူလေးကဦးလေးအိမ်မှာခဏနေဖို့ပြောတော့လဲသွားမနေချင်ဘူးတဲ့...။

ဒီကလေးသာနေကောင်းအောင်ရင်သူခေါ်သွားလို့ရပေမဲ့...ထွဋ်ကောင်းမှုကြောင့်ကလေးညကကိုယ်တွေပူကာဖျားနေသည်မဟုတ်ပါလား...။ထွဋ်ရဲ့အသဲသက်လေးဟာနေမကောင်းဖြစ်တဲ့အချိန်ဆိုအရမ်းအားငယ်တတ်ပြီးလူကိုကပ်ဂျီတဲ့ကလေးလေး

"ကလေးရယ်...ကိုယ်လဲအလုပ်ကိစ္စမို့သွားရတာပါ..ဘယ်လောက်မှမကြာပါဘူး...၃ရက်လေးပါဘဲကွာ "

"...."

"ကလေးကနေမကောင်းတော့..ကိုယ်ခေါ်သွားလို့မရဘူးလေ..ကိုယ့်ကလေးလေးကျန်းမာရေးကြောင့်မို့ထားခဲ့ရတာပါ "

"ဟင့်အင်း...ဟင့်အင်း..ဘာမှမသိချင်ဘူး ...ကလေးဘာမှမသိချင်ဘူး...
ဦးထွဋ်သွားတာနဲ့ကလေးလဲလိုက်မှာနော်"

ပြောပြီးတာနဲ့ထွဋ်ကိုယ်ပေါ်ခွတက်လာတဲ့ကလေးပေါက်ကထွဋ်ရဲ့ရှပ်အကျီအပွတစ်ထည်ကိုသာဝတ်ထားလေသည် ။ခွတက်လာတဲ့ကလေးရဲ့တင်လုံးလုံးတွေကိုပင့်ကာသေချာထိုင်စေပြီး...ပြုတ်မကျအောင်ခါးသိမ်လေးကိုဖက်ထားလိုက်တယ်...လူပေါ်ကခွေးပေါက်ကလေးကတော့

"ဦးထွဋ်က ကလေးကိုပစ်ထားခဲ့ရက်တယ်ပေါ့....ဦးထွဋ်က ကလေးကိုတကယ်လဲမချစ်ဘူး..
ကလေးထက်ပိုပြီးအရေးကြီးတာမရှိပါဘူးဆိုပြီး..ခုတော့..ဟင့်.."

မျက်ဝန်းအိမ်လှလှလေးထဲကပုလဲလိုအဖိုးတန်လှတဲ့ထွဋ်ကလေးရဲ့မျက်ရည်တွေမြေခမှာတော့ထွဋ်မလိုချင်ပေ....ဒါကြောင့်ကလေးနားလည်အောင်ပြောပြရတော့မယ်

"ကိုယ်ပြောပြမယ်နော်..ကိုယ်ခုတစ်ခေါက်သွားချင်နေတယ်ဆိုတာကိုယ့်တပည့်တွေပါသွားလို့ပါ...ကိုယ့်ကြောင့်သူတို့ရဲ့အသက်တွေစတေးခံလိုက်ရမှာစိုးတယ်....နောက်ပြီးတော့အသတ်ခံလိုက်ရတဲ့သူတွေရဲ့မိသားစုဝင်တွေကိုလဲကိုယ်အထောက်ပံ့ပေးရအုံးမယ် ..ကိုယ့်အတွက်ပစ္စည်းကအရေးမကြီးဘူး..သစ္စာရှိတဲ့ကိုယ့်တပည့်တွေအတွက်ကိုယ်တတ်နိုင်သလောက်လေးလုပ်ပေးချင်လို့ပါ.."

l Found Right Person(Complete)Where stories live. Discover now