Ep (13)

4.1K 310 11
                                    

[Unicode]

ထွဋ်လဲ Company ရောက်တာနဲ့ နှစ်ချုပ်စာရင်းတွေကိုလက်မှတ်ထိုးပေးလိုက်ပြီး...Company နှစ်ပတ်လည်နေ့အတွက်ဝန်ထမ်းတွေကို Bonus ပေးဖို့ကိုစီစဥ်နေရတယ်...

Tee...

"သက်ထားရေ...အငယ်ကောင်ကိုကိုယ့်ရုံးခန်းထဲလွှတ်လိုက်ပါ.."

"ဟုတ်ကဲ့..Boss "

ခဏနေတော့...

ဒေါက်..ဒေါက်..ဒေါက်..

"ဝင်ခဲ့.."

"Boss ခေါ်တယ််ဆို.."

"အေး..ဒီတစ်ခေါက် Company နှစ်ပတ်လည်အတွက်ဝန်ထမ်းတွေကိုဘယ်ပို့ဖို့စဥ်းစားထားလဲ..?"

"ဟုတ်ကဲ့....ဝန်ထမ်းတွေကတော့ငပလီဘက်သွားဖို့ပြောပါတယ် Boss "

"Ok....ဒါဆိုကားစီစဥ်ထားလိုက်တော့နော်..."

"ဟုတ်ကဲ့...ဒီနေ့ schduleမှာ Sunshine Company ကစာချုပ်ထပ်ချုပ်ဖို့ကမ်းလှမ်းထားပါတယ်..."

"အကြီးကောင်ကိုကိုယ့်အစားလွှတ်လိုက်..ကိုယ်ဒီနေ့ခေါင်းကိုက်နေတယ်....ပြီးတော့မင်းတို့နှစ်ယောက်လုံးဘယ်တော့မှ ကိုယ့် Company ကိုယ်ဦးစီးကြမှာလဲ? "

"ဟာ..ကိုထွဋ်ကလဲကျတော်တို့ကိုအနားမှာခေါ်မထားချင်တော့ဘူးလား..."

"ဟားဟား..အငယ်ကောင်ရာတကယ်တမ်းကျတော့လဲမင်းကခလေးလေးပါဘဲလား.."

"ကိုထွဋ်ရယ်..ကျတော်တို့ညီအစ်ကိုနှစ်ယောက်လုံးကိုထွဋ်ဆီမှာဘဲအလုပ်လုပ်ပါရစေအုံး...ကျတော်တို့ Company ကိုလဲ Kingsmen လက်အောက်မှာဘဲထားပါနော်.."

"အေးပါကွာ..ကိုယ်ခိုင်းတာလဲမမေ့နဲ့အုံးနော်.."

"စိတ်ချအကောင်းဆုံးဖြစ်စေရမယ်..."

တစ်ဖက်တွင်ရှင်းပိုင်လဲ..

"ရဲရင့်ရေ...ငါဆိုင်အတွက်လိုအပ်တာတွေသွားဝယ်လိုက်အုံးမယ်.."

"အေး..အပိုင်နေ့လည်စာအတွက်လဲတစ်ခုခုဝယ်လာခဲ့အုံး..."

"ငတ်ကြီးကျဖို့ဘဲချောင်းနေတယ်.....
သတောင်းစား.."

"ဟဲဟဲ..ဝါသနာအရပေါ့ကွာ.."

ရှင်းပိုင်လဲစျေးကနေလိုအပ်တာတွေကိုအော်ဒါမှာခဲ့ကာ...ရဲရင့်နဲ့နှင်းနှင်းတို့အတွက်ကြေးအိုးဝယ်ကာရှင်းပိုင်အတွက်မြေအိုးမြီးရှည်တစ်ပွဲပါဆယ်ဝယ်လိုက်တယ်...

l Found Right Person(Complete)Where stories live. Discover now