Ep (28)

3K 210 45
                                    

[Unicode]

(A/N... Shane Filan ရဲ့ Beautiful in White သီချင်းလေးဖွင့်ပြီးဖတ်ရင်အကောင်းဆုံးဘဲ)

နောက်တစ်နေ့..နေ့လည်လောက်ရောက်တော့အငယ်ကောင်တို့တွေရောက်လာကြတယ်..ဝန်ထမ်းတွေအတွက်နေရာသေချာစီစဥ်ပေးပြီး

"အငယ်ကောင်နဲ့အကြီးကောင် "

"ဗျာ...ကိုထွဋ် "

"အကုန်အဆင်ပြေရဲ့လား..."

"ဟုတ်..ပြေပါတယ် "

"အကြီးကောင်ကဝန်ထမ်းတွေအတွက်လိုအပ်တာကိုသေချာလုပ်ပေးလိုက်ပါ "

"ဟုတ် "

"အငယ်ကောင်နဲ့ကိုယ်နဲ့ ညနေ wedding အတွက်ပြင်ဆင်မယ် "

"အေးပါကွာ...မင်းတို့အတွဲတွေမြန်မြန်ယူကြတာဘဲကောင်းတယ်..နောက်မို့ဆို Fa ဖြစ်တဲ့ငါ့ကိုအားနာမှုမရှိ​ကြဘူး "

"မင်းလဲယောကျာ်းရှာယူတော့အကြီးကောင်..."

"ငါလဲယူချင်တာပေါ့...ငါ့ကိုအတည်ချစ်မဲ့သူမှမရှိတာ..."

"ဟာ..ငိုသံကြီးနဲ့အကြီးကောင်ရာ "

"ဘယ်မှာငိုလို့လဲ..တော်ပြီကွာ... ပင်ပန်းရတဲ့အထဲသွားနားတော့မယ် "

ပြောပြီးတာနဲ့အကြီးကောင်တစ်ယောက်ကတော့ထွက်သွားလေရဲ့...ထွဋ်နဲ့အငယ်ကောင်ကတော့စီစဥ်စရာရှိတာတွေအကုန်စီစဥ်ပြီးတော့...

"အငယ်ကောင်...Dress တွေကကိုယ်သေချာမှာထားတဲ့အတိုင်းဖြစ်ရဲ့လား "

"ဟုတ်..."

" ရှယ်ယာဝင်အချို့ကိုကောအခန်းသေချာစီစဥ်ပေးလိုက်ရဲ့လား "

"ကိုထွဋ်ဖိတ်ခိုင်းတဲ့သူတိုင်းကိုဖိတ်လိုက်ပါတယ်..ပြီးတော့..ဟို...ဦးလေးလဲရောက်နေတယ် "

"ဟေ...ငါတောင်မသိရပါလား "

"ဟုတ်တယ်..ကြည့်ရတာပိုင်လေးဖုန်းဆက်ပြီးဂျီကျထားပုံဘဲ....သူ့တူလေးကခေါ်လို့လိုက်လာရတာပါတဲ့..ဒီနေ့မနက်ဘဲအားချင်လေယာဥ်နဲ့ရောက်လာတာ "

"ဟုတ်ပြီ..ဟုတ်ပြီ...
ကိုယ်ဦးလေးဆီမသွားတော့ဘူး..မင်းဘဲညနေကိစ္စကိုတစ်ချက်သွားပြောပေး "

l Found Right Person(Complete)Where stories live. Discover now