Ep(18)

3.8K 269 11
                                    

[Unicode]

အရာဟာအရင်တိုင်းပုံမှန်လည်ပတ်နေတယ်...ဦးထွဋ်က Company သွားလိုက်ရှင်းပိုင်အနားမှာနေကာကပ်ချွဲလိုက်...
ပုစိနဲ့အပြိုင်ရှင်းပိုင်ကိုလုလိုက်နဲ့နေ့တိုင်းပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖြစ်တယ်..
ဘာလိုလိုနဲ့ပုစိလေးရှင်းပိုင်တို့အနားကိုရောက်လာတာတစ်လပြည့်တော့မှာဘဲ...

ရှင်းပိုင်ကြောက်တဲ့အရာတစ်ခုရှိတယ်....
ဦးထွဋ်သူ့ကိုမချစ်တော့မှာသူအရမ်းကြောက်မိတယ်..ဦးထွဋ်ကိုသူမယုံတာမဟုတ်ပေမဲ့သူ့လိုယောကျာ်းလေးတစ်ယောက်ကသာယာမှုပေးနိုင်ရင်တောင်မိသားစုဆိုတဲ့ပျော်ရွှင်မှုမပေးနိုင်ဘူးမလား..အဲ့အကြောင်းတွေခေါင်းထဲရောက်လာတိုင်းရှင်းပိုင်သေမလောက်ကြောက်ရပါတယ်

"ကလေး....ကလေး.."

ရေချိုးခန်းထဲကထွက်လာထဲကထွဋ်ရဲ့အသဲသက်လေးကိုခေါ်နေတာ...ကုတင်ပေါ်မှာထိုင်ပြီးဘာတွေတွေးနေလဲမသိပါဘူး...
ခုလိုမှိုင်မှိုင်တွေတွေနေတတ်တဲ့ကလေးမဟုတ်တော့ထွဋ်စိတ်ပူရတယ်..ပခုံးလေးကိုသာသာလေးထိလိုက်မှသာ..

"ကလေး..."

"ဗျာ...ဦးထွဋ်.."

"ဘာတွေတွေးနေတာလဲကလေးရယ်..ကိုယ်ခေါ်တာကြာလှပြီကို.."

"သြော်...ဘာရယ်မဟုတ်ပါဘူး..ဒီလိုပါဘဲ
ဦးထွဋ်ရဲ့.."

"ကလေးမျက်နှာကိုကြည့်တာနဲ့ကိုယ်သိပါတယ်ကွာ..အဲ့တော့ကလေးဘာဖြစ်လဲကိုယ့်ကိုပြောပြနော်.."

"ဟို...ဘာမှမဟုတ်ပါဘူး..ထားလိုက်ပါတော့.."
ရှင်းပိုင်ပြောပြချင်ပေမဲ့ဦးထွဋ်စိတ်မကောင်းဖြစ်မှာကိုတော့မလိုလားပေ..

"ကလေး...ကိုယ့်ကိုကြည့်.."မျက်နှာချင်းဆိုင်အနေထားဖြစ်အောင်ကလေးကိုယ်လေးကိုဆွဲယူလိုက်တယ်

"ဟုတ်.."

"ကိုယ်တို့သူစိမ်းတွေမဟုတ်ဘူးလေ..တစ်ယောက်ကိုတစ်ယောက်အသက်ထက်ဆုံးချစ်ကြမယ်လို့ယုံကြည်ပြီးချစ်ခဲ့ကြတာလေ....
ပွင့်လင်းမှုရှိပြီးနားလည်မှုရှိမှသာကိုယ်တို့ဆီကြားလူဝင်လို့မရမှာလေကလေးပေါက်လေးရယ်.."

l Found Right Person(Complete)Where stories live. Discover now