Ep (25)

3.4K 222 18
                                    

[Unicode]

ထွဋ်လဲ Company ကိစ္စတွေနဲ့အလုပ်ရှုပ်နေတာတစ်ပတ်တောင်ရှိတော့မည်ဖြစ်သည် ။အငယ်ကောင်ဆေးရုံဆင်းထဲကအဆင်ပြေအောင်နှစ်ယောက်လုံးကိုခွင့်ပေးထားလိုက်တယ်..
Company၌ထွဋ်တစ်ယောက်ထဲအလုပ်တွေရှုပ်နေတော့ကလေးကိုပစ်ထားမိသလိုဖြစ်သွားသည် ။

ဒီနေ့ကတော့ Holiday ဘဲကလေးပေါက်ကိုအချိန်ပေးဖို့အတွက်မနေ့ထဲကအလုပ်တွေဖြတ်ထားရတာ....ဒါတောင်မနက်ကရှယ်ယာရှင်တွေနဲ့အစည်းဝေးလုပ်နေရသေးလို့ကလေးနဲ့မတွေ့ရသေး..

"ကလေးရေ...ကလေး "

"ဗျာ...ဦးထွဋ် " ထူးသံသာကြားရပြီးပေါ်မလာတဲ့ကလေးကြောင့်ထွဋ်သိလိုက်ပါပြီ...
ပုစိနဲ့ဆော့နေတယ်ဆိုတာ..ခေါ်မရမဲ့အတူတူထွဋ်လဲအောက်ဆင်းလာလိုက်တယ်..

"ကလေး "

ဟော့...တွေ့ပါပြီ....ခြံထဲမှာအလုပ်ရှုပ်နေတဲ့ကလေးပေါက်....သူ့ဘေးကိုကြည့်တော့ပုစိလဲချွေးသံတစ်ရွဲရွဲ...ဒီဟာလေးနှစ်ယောက်ဘာတွေလုပ်ထားလဲမသိ လူကိုမျက်နှာချိုသွေးကာပြုံးပြနေကြတယ်...

"ဟီးဟီး... ဦးထွဋ် "

"ဟဲဟဲ...ဦးယေးကြီး "

"အဲ့အပြုံးတွေကြောက်တယ်ဗျို့..."

"ဟာ..ဦးထွဋ်နော် ကလေးပြုံးပြတာကြောက်ဖို့ကောင်းတယ်ပေါ့.."

"မဟုတ်ပါဘူးကွာ..ကိုယ့်ကလေးကိုပြောတာမဟုတ်ပါဘူး...ကိုယ့်ကလေးကဘယ်လိုနေနေချစ်ဖို့ကောင်းပြီးသား...ကဲ..ကိုယ့်အနားလာပါအုံးကွာ "

"ဟုတ်..."

"အော်...တားပြုံးတာကျကြောက်ဖို့ကောင်းရယ်ပေါ့..တရားကျဖို့ကောင်းလိုက်တာ "
ရင်ဘတ်လေးဖိကာ..မဲ့ရွဲ့ပြီးတရားကျဖို့ကောင်းတဲ့လေသံနဲ့ပြောနေတဲ့ပုစိဟာတကယ်ချစ်စရာလေးပါ..

(ပုစိ Mood နဲ့ကျွန်မရဲ့ Mood ဟာအတူတူပါ🤧)

"ကဲ..နှစ်ယောက်လုံးပြုံးတာချစ်ဖို့ကောင်းတယ်ဟုတ်ပြီလား "

"ဟုတ် "
"ဟုတ် "

နှစ်ယောက်လုံးကချွေးတွေသံတွေနဲ့ဒင်းလေးတို့၂ယောက်ရဲ့အနောက်ကိုကြည့်လိုက်တော့..ပန်းအိုးတွေကတောင်တစ်နေရာမြောက်တစ်နေရာဖြစ်နေပြီး...
တချို့ပန်းအိုးတွေဆိုကွဲနေတယ်..
သစ်ရွက်တွေပန်းတွေကလဲမြေပြင်မှာ
ဟိုတစ်စဒီတစ်စ...ခွက်ကလေးတွေကလဲတန်းစီလို့..

l Found Right Person(Complete)Onde histórias criam vida. Descubra agora