Extra (3)

1.9K 153 10
                                    

နောက်နေ့မနက်ရောက်တော့ရှင်းပိုင်တစ်ယောက်သူ့ကိုတင်းကြပ်စွာဖက်ထားတဲ့ဦးထွဋ်ကြောင့်နိုးလာခဲ့တယ်...မနက်ခင်းမို့နေရောင်ခြည်ရဲ့အလင်းတန်းလေးတွေကလိုက်ကာနောက်မှတစ်ဆင့်အခန်းထဲသို့တစ်စွန်းတစ်ဆကျရောက်နေလေတယ်..။

"ဝါးးးးအင်းးးး "

"ငါညကအစောကြီးအိပ်ပျော်သွားတာဘဲ...ဦးထွဋ်အခန်းထဲဝင်လာတာတောင်မသိလိုက်ဘူး...သားကြီးလဲအခန်းထဲမှာအိပ်ပျော်သွားတာမဟုတ်လား..
ကြည့်ရတာသူ့ Daddy အခန်းထဲပြန်ပို့လိုက်ပြီနဲ့တူပါတယ် "

ရုတ်တရက်ရှင်းပိုင်ခါးပေါ်လိပ်တက်နေတဲ့ညဝတ်အကျီကိုဆွဲချလိုက်တော့...ရင်ဘတ်ကချယ်ရီသီးလေးတွေအကျီစနဲ့ပွတ်တိုက်ကာစူးခနဲကျင်တက်သွားတဲ့နာကျင်မှုကြောင့်အသံထွက်ညည်းမိသွားသည်...။

"အားးးကျွတ်...ကျွတ်..နာလိုက်တာ "

"ကလေး...ဘာဖြစ်လို့လဲ "

"ဘယ်နေရာကနာနေလို့လဲ..."

"နေမကောင်းဘူးလား...ခေါင်းကိုက်တာလား..
ဗိုက်အောင့်တာလား "

ရှင်းပိုင်ရဲ့အသံကြောင့်ဦးထွဋ်လဲအိပ်ရာမှနိုးလာသည်နဲ့တူပါရဲ့...ထုံးစံအတိုင်းမေးခွန်းပေါင်းတစ်သောင်းခြောက်ထောင်ကိုစိုးရိမ်ကြီးစွာနဲ့မေးတော့တယ်...

"ဘာမှမဖြစ်ဘူး...ရင်ဘတ်တွေနာနေလို့ "

"အမ်...အော်...အဲ့ဒါလား "
ကလေးအပြောကြောင့်မလုံမလဲဖြစ်မိတာကထွဋ်ဝီရဦး...ညကစိတ်မထိန်းနိုင်တော့လို့လုပ်မိလိုက်တာ...ကလေးနာပါစေဆိုတဲ့ရည်ရွယ်ချက်မှမပါဘဲ

"ကလေးသိပါတယ်...ဦးထွဋ်လက်ချက်မဟုတ်လား..."

"ကိုယ်စိတ်မထိန်းနိုင်လို့ပါကလေးပေါက်ရယ်...နောက်ဆိုမလုပ်တော့ဘူး "

"ကိုယ့်ယောကျာ်းကိုယ်လုပ်တာဘဲ...ဘာများဆန်းလို့လဲဦးထွဋ်ရဲ့ "

မျက်နှာငယ်လေးနဲ့ပြောတဲ့ဦးထွဋ်ကြောင့်ရှင်းပိုင်စိတ်မကောင်း...

"တကယ်လား..."

"တကယ်ပေါ့ "

"အာ့ကြောင့်ကိုယ့်ကလေးပေါက်ကိုချစ်နေရတာ..."

l Found Right Person(Complete)Wo Geschichten leben. Entdecke jetzt