Ep- (3)

7.9K 641 48
                                    

[Unicode]...;

ထွဋ်ဝီရဦးတစ်ယောက်...တရုတ်ဘက်ကစက်ရုံတော်တော်လေးအထိနာသွားတာမို့ပြန်ပြီးဖြေရှင်းနေရတာနဲ့တင်တစ်လလောက်ကြာသွားခဲ့သည်...။

ရန်ကုန်လေဆိပ်သို့ ခြေချတာနဲ့ထို coffee ဆိုင်လေးဆီကိုသွားဖို့သာ...စိတ်ရောက်နေမိလေတော့...

"အငယ်ကောင်...ကိုယ်ဒီနေ့ ကိုယ့်ဘာသာကားမောင်းပြန်တော့မယ်...မင်းလဲပင်ပန်းနေတာဆိုတော့...နောက်ရက်တွေရုံးမတက်ဘဲနားနားနေနေ နေလိုက်အုံး..."

"ဟုတ်ကဲ့..Boss. ."

ဂျူလိုင်လရဲ့မိုးရေစက်များကြားထဲမှ...
ထွဋ်ဝီရဦး ရဲ့ကားလေးကတော့ထို coffee ဆိုင်လေးဆီသာဦးတည်လျက်...

*မျက်မှန်လေးနဲ့ကောင်လေးကတော့တွေ့တဲ့နေ့ကနေခုချိန်ထိကျွန်တော်ရင်ထဲမှာစွဲကျန်နေခဲ့တယ်...မင်းလေးကြောင့်ဖြစ်တည်လာတဲ့ခံစားချက်နဲ့ရင်ခုန်သံတွေကို...မင်းတာဝန်ယူရမယ်နော်ကလေးပေါက်...*

Coffee ဆိုင်သို့ရောက်တော့ဆိုင်ရှေ့က
Close ဆိုတဲ့စာသားကြောင့်လူကစိတ်ဓာတ်ပါကျသွားတယ်...။ဒီတစ်ခေါက်လဲကိုယ်တို့မတွေ့ရတော့ဘူးပေါ့ကလေးပေါက်ရယ်...တစ်ဆက်ထဲမှာဘဲထွဋ်ဝီရဦးရဲ့နှုတ်မှတိုးဖွဖွရေရွတ်မိသည်က...

'အေးပေါ့လေ...မိုးချုပ်နေတဲ့အ​ပြင်မိုးတွေလဲသဲကြီးမဲကြီးရွာနေတာဆိုတော့သူလဲဆိုင်ပိတ်လောက်ပြီပေါ့...နောက်နေ့မှတွေ့ကြတာပေါ့ကလေးပေါက်...'

ဟုဆိုကာ ကားမောင်းထွက်သွားလေသည်..။

တစ်ဖက်တွင်လဲ..ရှင်းပိုင်တစ်ယောက်မိုးရေထဲလျှောက်သွားနေတာဘယ်လောက်ကြာနေမှန်းလဲမသိတော့ဘူး...။​Bus stop တခုမှာငုပ်တုပ်ထိုင်ငိုနေတာလဲအတော်ကြာပြီ...။သူသိတာတော့ဒီနေ့သူလုပ်ရပ်မှန်ကန်ခဲ့တယ်...။

သူနာကျင်ရတယ်...သူတွဲမှမြဲခဲ့တယ်ဆိုတာသိသိရက်နဲ့သူရူးမိုက်မိခဲ့တာ...
တစ်ချိန်ကအစ်ကိုကောင်းကွက်တွေဘဲကြည့်ပြီးအမှားလုပ်ခဲ့သမျှကိုမမြင်ချင်ယောင်ဆောင်နေပေးခဲ့တာ...ဒီနေ့တော့အဆုံးသတ်ပြီအစ်ကို...။

ထွဋ်ဝီရဦး တစ်ယောက်ကားမောင်းရင်းအမှတ်မထင် bus stop သို့အကြည့်ရောက်သွားခိုက်...သူ့နှလုံးသားလေးတဒိတ်ဒိတ်ရင်ခုန်သံမြန်သွားရသည်...။ဟုတ်ပါတယ်...သူ့ရင်ခုန်သံပိုင်ရှင်လေး...။

l Found Right Person(Complete)Where stories live. Discover now