Extra_1

2.7K 200 34
                                    

[Unicode]

ရှင်းပိုင်တစ်ယောက်မနက်စောစောထကာဘုရားဝတ်ပြုပြီးသားတို့နဲ့ဦးထွဋ်အတွက်မနက်စာကိုသေချာပြင်ဆင်ကာအပေါ်သို့တက်လာခဲ့လိုက်တယ်....ကျောင်းသွားရမဲ့ကိုယ်တော်ချောလေးတွေကခုချိန်ထိအိပ်လို့ကောင်းတုံးမို့နှိုးဖို့ရာသူတို့ကိုယ်ပိုင်အခန်းလေးဆီသို့

"သားတို့ရေ "

" ကွာကွာ... သစ်လေးဒီနေ့ကျောင်းသွားရမယ်လေ..ခုချိန်ထိမထကြသေးဘူးလား "

"အွန်းးးးပါးပါး ၁၀မိနစ်..."
အိပ်ရာပေါ်ကနေလက်ဆယ်ချောင်းထောင်ပြကာရှင်းပိုင်ကိုသူဆက်အိပ်ဖို့အချိန်တောင်းနေတဲ့ကွာကွာ...သစ်လေးကတော့နိုးနေပြီမို့အိပ်ပုတ်ကွာကွာကိုသာနိုးရတော့မယ်...

"သစ်လေးရေသွားချိုးတော့...ပါးပါးအဝတ်စားထုတ်ပေးထားမယ်နော် "

"ဟုတ်ပါးပါး...Morning "

"Morning ပါပါးပါးသားငယ်လေးရေ "

"ကဲ...ကွာကွာမထသေးရင်ပါးပါးရိုက်တော့မှာနော်... "

ပြောတာတောင်တုပ်တုပ်မလှုပ်တဲ့ကွာကွာပါလေ...ဒီလိုအပျင်းတစ်ပြီးသားငယ်ထက်တောင်ကလေးဆန်တဲ့ကွာကွာကိုရှင်းပိုင်အမြင်ကတ်ကတ်နဲ့ဖင်လေးကိုတစ်ချက်ရိုက်လိုက်တယ်...ကွာကွာတို့များစားသမျှဖင်မှာအဆီလာစုနေလားအောင့်မေရတယ်...ဖင်လုံးလုံးလေးကိုရိုက်လိုက်တာမို့...ကွာကွာအသံပြဲကြီးနဲ့အော်ပါတော့သည်..။

"အားးးကွာကွာဖင်ကိုဘာလို့ရိုက်တာလဲပါးပါး "

"အိပ်ပုတ်ကြီးနေတာကို...ပါးပါးနိုးတာရမှမရဘဲလေ... အဲ့တာကြောင့်အဆီစုနေတဲ့ဒီဖင်ကိုဘဲရိုက်လိုက်တာ...ဘယ်လိုလဲအရသာရှိတယ်မလား "
ရှင်းပိုင်စလိုက်တော့ကွာကွာတစ်ယောက်နှုတ်ခမ်းကြီးစူပြီး

"ဟွန့်...ပါးပါတို့များနော်သူများဖင်လှလှလေးကိုအားနေရိုက်ဖို့ဘဲချောင်းနေတယ်...ကွာကွာလဲနိုးပြီးထပ်ရိုက်နဲ့တော့ "

"ကဲ..ဒါဆိုရေမိုးချိုးပြီးအောက်ဆင်းလာခဲ့...ကွာကွာကြိုက်တဲ့မုန့်ဟင်းခါးပြင်ထားပေးတယ်... "

"ဟဲဟဲ..အာ့ကြောင့်ပါးပါးကိုချစ်နေရတာ..မွ..မွ "

"သွား..သွား..လုပ်စရာရှိတာလုပ်တော့ဟိုမှာသစ်လေးတောင်ရေချိုးပြီးပြီ "

l Found Right Person(Complete)Where stories live. Discover now