Ep-(9)

4.9K 401 12
                                    

[Unicode]. ...

ရှင်းပိုင်လဲနေ့လည်ထဲကငိုကာအိပ်ပျော်မိသွားတယ်..ခုလဲတင်းကျပ်စွာဖက်ထားတဲ့
ဦးထွဋ်ကြောင့်နိုးလာခဲ့ပြီး...ရဲရင့်ဆီကဖုန်းဝင်လာတာကြောင့်ဦးထွဋ်ဘေးမှအသာထွက်ကာ...

"Hello...ရဲရင့်"

"အပိုင်ရေ...မင်းအမေဆိုင်ရောက်နေတယ်ဆိုပြီးဖုန်းဆက်တယ်.."

"ဘာ...အမေကဆိုင်ရောက်လာတယ်.."

"အေး...နှင်းနှင်းပြောတာတော့မင်းကိုပြောစရာရှိလို့တဲ့..."

"ရဲရင့်...ငါလာခဲ့မယ်နော်..."

"အပိုင်...မင်းအဆင်ပြေရဲ့လား...
အဆင်မပြေရင်မလာပါနဲ့ကွာ.."

"ငါအဆင်ပြေတာမို့...ငါလာခဲ့မယ်နော်.."

"ငါလဲအမေနေမကောင်းလို့ဒီနေ့ဆိုင်မသွား
ဖြစ်တာ "

"ရပါတယ်...မေလေးကိုသာဂရုစိုက်နော်..​"

ရှင်းပိုင်လဲဦးထွဋ်လက်ကိုအသာဖယ်ကာထလိုက်ပြီးအပြင်သို့တိတ်တိတ်လေးထွက်လာခဲ့လိုက်တယ်...။သူ့ရဲ့ချွေးနည်းစာနဲ့တည်ဆောက်ထားရတဲ့ဒီဆိုင်လေးကိုတော့သူတန်ဖိုးထားရပါသည်...။

ဦးထွဋ်မသိအောင်ခိုးထွက်လာရသည်မို့စိတ်ထဲ၌မလုံမလဲတော့ဖြစ်မိနေလေရဲ့...။
အောက်ရောက်တော့ကြီးကြီးကိုတွေ့တာမို့..

"သားလေး...နိုးပြီလား...ဘာစားမလဲသားလေး.."

"ကြီးကြီးသားဘာမှမစားတော့ဘူးနော်...
သားအပြင်သွားစရာလေးရှိလို့...ဦးထွဋ်နိုးလာရင်သေချာပြောပေးပါနော်.."

"ဒါဆိုမအေးယောကျာ်းကိုကားမောင်းပြီးလိုက်ပို့ခိုင်းလိုက်မယ်..သားလေး..
ခဏစောင့်..."

"ကြီးကြီးသားဖာသာသွားမှာမို့...မခေါ်နဲ့တော့နော်..ပြန်လာရင်ကြီးကြီးအတွက်မုန့်ဝယ်လာမယ်..တာ့တာ.."

"အေးပါကွယ်.."

အပြင်ရောက်တာနဲ့ taxi တစ်စီးငှားကာဆိုင်သို့သွားလိုက်သည်...။ဆိုင်ရောက်တာနဲ့...မြင်ရတဲ့မြင်ကွင်းကပိုင့်နှလုံးသားကိုဓားနဲ့စိုက်လိုက်သလိုဘဲ...ရင်ဘတ်တွေအောင့်လာကာ....ရုတ်တရက်ခြေတွေမခိုင်တော့ဘဲပုံရက်သားလေးလဲကျသွားတယ်...။

l Found Right Person(Complete)Where stories live. Discover now