Ep (34)

2.7K 175 20
                                    

[Unicode]

ရာသီတွေအလီလီပြောင်းလဲလာခဲ့ပြီး....အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာခဲ့တာခုဆိုသားတို့တောင်ကျောင်းတက်နေကြပြီ...ကွာကွာက၄တန်း...
သစ်လေး၂တန်းတောင်ရောက်နေကြပြီ...ရှင်းပိုင်တို့မိသားစုကတော့အရင်လိုနွေးနွေးထွေးထွေးနဲ့ပျော်ရွှင်စရာကောင်းနေတုံးဘဲ...

ဒီနေ့ကတော့တနဂ်နွေနေ့ဖြစ်တဲ့အလျောက်...ပုစိကရှင်းပိုင်တို့​အိမ်မှာသာနေပြီး....ဦးထွဋ်ကတော့ထုံးစံအတိုင်းသူ့သားတွေနဲ့ခြံထဲမှာဆော့ပေးနေလေရဲ့...ရှင်းပိုင်လဲသားတို့စားဖို့ချက်ပြုတ်ပြီးတာနဲ့အခန်းရှင်းဖို့ရာအပေါ်သို့တက်လာခဲ့သည် ။

သားတို့အဝတ်အစားတွေလျှော်ဖွတ်ပြီးတာနဲ့...အိပ်ယာခင်းတွေကိုအသစ်လှဲလိုက်ပြီး...သားတို့စာရေးစားပွဲခုံကိုရှင်းနေတုံး...အမှတ်မထင်တွေ့လိုက်ရတာကစာရွက်လေးတစ်ရွက်...ရှင်းပိုင်လဲပထမကလွှင့်ပစ်ဖို့လုပ်ပေမဲ့စာရွက်ကိုသေချာခေါက်ထားတာကြောင့်ဖွင့်ဖတ်ကြည့်မိလိုက်တယ် ။

" သို့ / ငယ်

ကိုယ်ဒီစာကိုရေးနေတဲ့အချိန်မှာငယ့်ကိုသိပ်လွမ်းနေတယ်ဆိုတာ....ပထမဦးဆုံးအနေနဲ့ငယ့်ကိုသိစေချင်ပါတယ် ။ငယ့်ရဲ့အပြုံးလေးတွေကိုစမြင်ကထဲသိပ်ကိုစွဲလမ်းမိသွားတယ်ဆိုတာလေးလဲ..ကိုယ်ကငယ့်ကိုအပိုအလိုမရှိဘဲပြောပြချင်မိသေး....ငယ်ရွယ်သေးတဲ့အချိန်ထဲကစိတ်ဝင်စားမိတဲ့အချစ်မို့ပေါ့သေးသေးတော့မထင်စေချင်...ငယ့်ကိုချစ်မိတဲ့ကိုယ့်အချစ်တွေကိုသေချာပြည့်စုံအောင်ရေးပေးလိုက်ပြီးငှက်ကလေးတွေနဲ့နေ့တိုင်းပို့ဆောင်လို့ရရင်သိပ်ကောင်းမှာဘဲ...ဒါမှကိုယ်နေ့တိုင်းငယ့်ကိုချစ်တဲ့အကြောင်းတွေကိုငယ်သိမှာ...ချစ်တယ်ငယ်❤❤..သိပ်ချစ်တဲ့အကြောင်းတွေပြောပြနေတာမို့ကိုယ်ဘယ်သူလဲဆိုတာငယ်သိလောက်မှာပါ...ချစ်တယ်.. အာဘွား "

စာကိုဖတ်ရင်းဒေါသကထွက်လာတာကြောင့်ရှင်းပိုင်လဲစာရွက်ကိုကိုင်ကာဧည့်ခန်းထဲသို့ဆင်းလာခဲ့သည်။ဦးထွဋ်ဝီရဦးအခုတလောရှုပ်ရှုပ်ယှက်ယှက်တွေသိပ်လုပ်ချင်နေတယ်...တွေ့မယ်အဖိုးကြီး....ကြီးမှယွထချင်နေတယ်..

l Found Right Person(Complete)Where stories live. Discover now