Ep (17)🌚🚨

5.2K 264 27
                                    

[Unicode]

ထွဋ်ဝီရဦးတို့ရဲ့အချစ်တွေနဲ့ပြည့်နှက်နေတဲ့အခန်းထဲဝယ်...ရှင်းပိုင်တစ်ယောက်လူး
လွန့်ကာနိုးလာပြီး...နာရီကိုကြည့်လိုက်တော့မနက်၄နာရီဘဲရှိသေးတယ်...
ဘေးကဦးထွဋ်ကိုကြည့်တော့အိပ်ပျော်နေတယ်...မနေ့ညနေလောက်ထဲကစတဲ့ကိစ္စက၈နာရီလောက်မှာပြီးသွားတာမို့အစောကြီးရှင်းပိုင်အိပ်ပျော်သွားမိတယ်...

မနေ့ကအကြောင်းတွေးမိတာနဲ့တင်ရှက်လာလို့...စောင်ထဲပြန်ဝင်ဖို့လုပ်ရုံရှိသေး..သန်မာလှတဲ့လက်တစ်စုံနဲ့နွေးထွေးလှတဲ့ရင်ခွင်ကျယ်ကြီးဆီသို့ရုတ်တရက်ရောက်သွားလေသည်...။

"ဟာ..ဦးထွဋ်...နိုးနေပြီလား.."

"အွန်း...နိုးပြီ..ကလေးကောသက်သာရဲ့လား.."

"ဟမ်..."

ရှင်းပိုင်လဲပထမအူကြောင်ကြောင်ဖြစ်သွားပေမဲ့ဦးထွဋ်ရဲ့အကြည့်တို့ကြောင့်အလျင်အမြန်ပင်ဦးထွဋ်ရဲ့မျက်လုံးကိုလှမ်းပိတ်လိုက်ရတယ်...ဘာလို့ဆိုရှင်းပိုင်ကိုယ်မှာဘာအဝတ်စားမှမရှိဘူးလေ..

"ဟာ...ကလေးဘာလို့ကိုယ့်မျက်လုံးကိုပိတ်.."ထွဋ်လဲပြောနေရင်းမှသတိရသွားတာကြောင့်စကားကိုရပ်လိုက်တယ်..

"ဟာ..မကြည့်နဲ့ကွာ..ဦးထွဋ်ညစ်ပတ်ကြီး..".

"ဟားဟား..ဟိတ်..ကိုယ်တို့ကခုဆိုလင်လင်တွေဖြစ်သွားပြီနော်..တစ်ယောက်နဲ့တစ်ယောက်ရှက်စရာမလိုဘူးလေကလေးရာ..."

"မသိဘူး..ကလေးရှက်တယ်.."ရှင်းပိုင်လဲမျက်လုံးမှိတ်ထားတဲ့လက်တွေကိုဖယ်ပေးလိုက်တယ်..

"ကလေး..ဒီကိုလာ.."

ထွဋ်လဲပေါင်ပေါ်မှာလာထိုင်ဖို့ခေါ်လိုက်တော့...စောင်နဲ့သူ့ခန္ဓာကိုယ်ကိုပတ်ပြီး
ထွဋ်ပေါင်ပေါ်သို့လာထိုင်လေရဲ့...ခန္ဓာကိုယ်တစ်ခုလုံးထွဋ်ပေးထားတဲ့အမှတ်သားတွေနဲ့လှချင်တိုင်းလှနေတဲ့ကလေးငယ်ရဲ့မနက်ခင်းအလှဟာဘာနဲ့မှနှိုင်းယှဥ်လို့မရလောက်အောင်ပါဘဲ..

"ဘယ်လိုလေးလဲမသိဘူးကွာ...အနှီးထုပ်ထဲကကလေးလေးလိုဘဲ.ချစ်ဖို့ကောင်းလိုက်တာ.."ထွဋ်လဲအသဲယားတာကြောင့်နမ်းနေလိုက်တယ်..

l Found Right Person(Complete)Where stories live. Discover now