Ep (24)

3.2K 238 2
                                    

[Unicode]

ဦးထွဋ်သွားတာ ၃​ရက်တောင်ကျော်နေပြီ...ရှင်းပိုင်ဆီလဲဖုန်းမဆက်ဘူး..အကိုအငယ်ကောင်ဆီဖုန်းဆက်တော့လဲစက်ပိတ်ထားတာကြောင့်....ရှင်းပိုင်ရဲ့စိုးရိမ်မှုတွေကဒီရေအလားတိုးလာနေရတယ်..။ဦးထွဋ်ဆီဖုန်းဆက်တော့လဲဖုန်းကမကိုင်ပြန်..

"ဦးထွဋ်ရယ်..ကလေးဖြင့်စိတ်ပူလှပြီ..
ကျေးဇူးပြုပြီဖုန်းကိုင်ပါတော့ "

ဒေါက်...ဒေါက်..ဒေါက်

"သားပိုင်ရေ..."

"ဗျာ..ကြီးကြီး "

"သားထွဋ်ပြန်လာပြီ.... "

"ဦးထွဋ်ပြန်လာပြီလား..."ရှင်းပိုင်လဲဦးထွဋ်ရောက်နေပြီဆိုတဲ့သတင်းကြောင့်ရှင်းပိုင်အလျင်အမြန်အောက်ထပ်သို့ပြေးဆင်းလာလိုက်တယ်....လှေကားအောက်ဆုံးထစ်သို့မရောက်ခင်ခြေချော်သွားတာကြောင့် ပြုတ်ကျပြီထင်သော်လဲ...

"ဟာ..ဦးထွဋ် "

"ကလေးရယ်..ဘယ်လိုဖြစ်ရတာလဲ..
ကိုယ်သာမဖမ်းလိုက်ရင်ကလေးတော့အောက်ကိုပြုတ်ကျတော့မှာဘဲ "

"အဟင့်...ဦးထွဋ်ကြောင့်လေ..ဦးထွဋ်မကောင်းတာ..ကလေးကိုအကြာကြီးပစ်ထားခဲ့ပြီးတော့..အူးးဝါးးး ဗြဲ "

"ဟုတ်တယ်...ကိုယ်မကောင်းတာပါ...
မငိုပါနဲ့ကလေးရယ်...ကလေးငိုရင်ကိုယ်ရင်တွေနာလို့ပါ "

"ဟုတ်..မငိုတော့ဘူးနော် "

ထွဋ်လဲကလေးကိုချီကာ..အခန်းထဲသို့ခေါ်သွားလိုက်တယ်...

"ရွှတ်....လွမ်းနေတာကွာ "

ပါးကိုနမ်းကာဆိုလာတဲ့ဦးထွဋ်ကြောင့်ရှင်းပိုင်လဲ

"ကလေးလဲလွမ်းနေတာ...ကလေးကအများကြီးအများကြီးကိုလွမ်းနေရတာ ဟင့်"

"ဟုတ်ပါပြီ..ကိစ္စလေးတွေရှိလို့ကိုယ်နောက်ကျသွားတာပါကလေးရယ်..စိတ်မဆိုးနဲ့နော် "

"ကလေးကစိတ်ဆိုးတာမဟုတ်ပါဘူး..
ဦးထွဋ်ကိုလွမ်းလို့စိတ်မကောင်းဖြစ်နေတာ "

"ဟုတ်ပါပြီကွာ... တကယ့်စကားအတတ်လေး "
ပါးချိုင့်တွေပေါ်အောင်ပြုံးပြလာတဲ့ဦးထွဋ်ပုံစံကပင်ပန်းနေတဲ့ပုံပေါက်တာကြောင့်..

l Found Right Person(Complete)Where stories live. Discover now