[Unicode]
မနက်ရောက်သော်..
"အား...ဟေ့လူ.."
အငယ်ကောင်လဲကုတင်ပေါ်ကအသံစူးစူးလေးကြောင့်နိုးလာခဲ့တယ်...
"ဘာလို့အော်နေတာလဲ babe ရာ..
အစောကြီးဘဲရှိသေးတယ်..လာ..လာ..ပြန်အိပ်ရအောင်. ""ဘောကို အိပ်ပါလား..ငါလူးမအဖိုးကြီးရဲ့...
ခများကျုပ်အခန်းထဲကိုဘယ်လိုရောက်နေတာလဲ...အမေရေ..အမေ "မျက်လုံးမဖွင့်ဘဲ..အသံကုန်အောင်အော်နေသော babe ကြောင့်ပါးစပ်လှမ်းပိတ်လိုက်ရတယ်..
"အွန်း...အူး.."ပါးစပ်ပိတ်ထားတာတောင်ဝူးဝူးဝါးဝါးလုပ်နေသေးတယ်...ဒီအမူးသမား
ကြောင့်ငါလေးစိတ်ညစ်တယ်နော်.."ဒါ babe အိမ်ဟုတ်လို့လား..သေချာကြည့်ပါအုံး.."
"အမ်.."ထိုအခါမှပါးစပ်ပိတ်သွားတာပါလေ..
"အဟမ်း..မင်းမနေ့ကကိုထွဋ် bar မှာပြသနာတတ်နေလို့..ကိုယ်ခေါ်လာခဲ့တာ..ညဥ့်နက်နေတော့မင်းအမေဆီကိုယ်ဖုန်းဆက်ပြီးပြောထားပေးတယ်.."
"ဗျာ...ဟုတ်.."
"ပြောပါအုံး..ကောင်မလေးနောက်တစ်ယောက်ထားတာနဲ့မသောက်ဖူးတဲ့အရက်တွေသောက်ရလား.."
"ခများဘယ်လိုသိတာလဲ..?"
"မူးမူးနဲ့လျောက်ပြောနေတဲ့ babe ကြောင့်သိတာပေါ့ကွာ "
"ဘာကို babe လဲ..ခများနော်...
ကျုပ်ကအဖြောင့်ဗျ..မိန်းမဘဲယူမှာ ""babe အဖြောင့်ဆိုတော့လဲအဖြောင့်ပေါ့ကွာ...ကိုယ်ကတော့babe ကြောင့်ကွေးသွားပြီ..အဲ့တော့ babeဘဲတာဝန်ယူပေးပါနော်.."
"ဘောကိုတာဝန်ယူမှာလား..ငါလူးမအဖိုးကြီး.."
ရှက်ပြီးလျှောက်ဆဲနေတဲ့ babe ကတကယ့်ချစ်စရာလေး"ကိုယ်အတည်ပြောမယ်နော်..ကိုယ် babe ကိုမနေ့ညကထဲကရည်းစားစကားပြောတာ..babe ကအိပ်နေတော့မကြားလိုက်ဘူးမလား..အဲ့တော့ ကိုယ်နောက်တခေါက်ထပ်ပြောမယ်..ကိုယ်ဒီနေ့ကစပြီး babe ကိုလိုက်မယ်.. "
"ခ ခများ...ဘာတွေလာပြောနေတာလဲ...".
"ကိုယ်က babe ကိုစတွေ့ထဲကချစ်တာ..အဲ့တာဘဲသိထားပေး.."ပြောပြီးတာနဲ့ရေချိုးခန်းထွက်သွားတဲ့ထိုလူကြောင့်ရဲရင့်....မျက်နှာဘယ်နားထားရမှန်းတောင်မသိဘူး..
![](https://img.wattpad.com/cover/276454577-288-k570279.jpg)
YOU ARE READING
l Found Right Person(Complete)
Romanceထွဋ်ဝီရဦး " ကလေးကိုစတွေ့ထဲကရူးရူးမူးမူး ချစ်ခဲ့ရတာပါ...ကလေးရဲ့ first love ဖြစ်ခွင့်မရခဲ့ပေမဲ့Last love နဲ့ Right person ဖြစ်အောင်ကိုယ်ကြိုးစားမယ်....Last love to Marry ထိကလေးပေါက်နဲ့ဘဲကိုယ်ဖြတ်သန်းမယ် " ရှင်းပိုင် "အတုယောင်တွေနဲ့သာဆုံစည်းခဲ့ရတာမိ...