Ep (14)

4.3K 299 20
                                    

[Unicode]

ရဲရင့်လဲကိုထွဋ်ဆီကဖုန်းဆက်ပြီးအကျိုးကြောင်းပြောပြလို့ဒေါသထွက်နေမိတယ်..

"အပိုင့်ကိုဒုက္ခပေးလို့မဝသေးဘူးလားမသိဘူး..အဲ့ကောင်ငါနဲ့တွေ့လိုက်ရမှာကွာ.."

"ဘယ်ကောင်နဲ့ Babe ကတွေ့မှာလဲ.."

"အမလေး..ဟဲ့...ပလုတ်တုပ်..လန့်တာ."

ရဲရင့်လဲသူ့ရင်ဘတ်လေးအားဖိကာ..

"ဟေ့လူ...ခများကျုပ်ကိုလန့်ပြီးသေအောင်လုပ်နေတာလား.."

"မဟုတ်ပါဘူး Babe ရယ်..ကိုယ်က Babe
ပွစိပွစိပြောနေတာလေးကြားချင်လို့အနားကပ်လိုက်တာပါ..လန့်တတ်မှန်းမသိလိုက်လို့ပါကွာ.."

"ထားလိုက်ပါတော့...ဒါနဲ့ခများကဘာကိစ္စလဲ.."
ရဲရင့်လဲရှေ့ကမျက်နှာငယ်နဲ့ပြောနေတဲ့လူကြောင့်လန့်နေတာတောင်ဘယ်ရောက်သွားမှန်းမသိ..

"သြော်..ကိုထွဋ်ကပိုင်လေးအစားကူညီပေးဆိုလို့လာခဲ့တာပါ.."

"အတော်ဘဲ..ဒါဆိုဟိုစားပွဲကစားပြီးသားတွေသိမ်းလိုက်..ပြီးရင်အနောက်မှာပန်းကန်သွားဆေး.."

"တော်ပြီလား babe. ."

"ဘာ...ဘာကိုလဲ.."

"ဘာမှမဟုတ်တော့ဘူး... "
အငယ်ကောင်လဲသူ့အကျီလက်ကိုဆွဲတက်လိုက်ပြီးအလုပ်လုပ်လိုက်တယ်...သူ့ babe လေးကတော့ Counter မှာအလုပ်ရှုပ်နေလေရဲ့..

ညနေရောက်သော်...

"နှင်းနှင်းတို့ပြန်တော့လေနော်..ကိုယ်နဲ့ဟိုအကိုဘဲဆိုင်သိမ်းလိုက်တော့မယ်.."

"ဟုတ်..ဒါဆိုနှင်းတို့ပြန်တော့မယ်နော်.."

"ကောင်းကောင်းပြန်ပါခမျ.."

"Babe ပင်ပန်းနေပြီလား..ကိုယ်ဘာမှသိပ်မလုပ်တတ်ပေမဲ့..အအေးလေးတော့ဖျော်လာခဲ့တယ်.."

ရဲရင့်လဲသူ့ကိုဂရုတစိုက်နဲ့ခုလိုလေးလုပ်ပေးတဲ့ထိုလူကြောင့်စိတ်ထဲတမျိုးလေးဖြစ်မိသွားတယ်....

*ရဲရင့်ရေ..မင်းတော့ရူးသွားပြီဘဲ..သူဘာသာဘာဖစ်ဖစ်..မင်းကအဖြောင့်ကွ*

"ကျေးဇူးပါ...ခများပြန်ချင်ပြန်တော့လေ..ကျုပ်ဘာသာဆိုင်သိမ်းလိုက်မယ်.."

l Found Right Person(Complete)Tahanan ng mga kuwento. Tumuklas ngayon