Ep (30)

3.4K 205 9
                                    

[Unicode]

ကလေးရဲ့စံအိမ်ကိုအမြန်ပြန်ကြရအောင်ဆိုတဲ့စကားကြောင့်ထွဋ်လဲအငယ်ကောင်နဲ့အကြီးကောင်ကိုထားခဲ့ကာ...လေယာဥ်အမြန်ဆုံးစီစဥ်ပြီးရန်ကုန်သို့ပြန်လာခဲ့ရတယ်...

ကားစီးတာနဲ့အိပ်ပျော်တတ်တဲ့ကလေးပေါက်ကနေဒီနေ့မှထူးထူးဆန်းဆန်းမအိပ်ဘဲကားမှန်ကတစ်ဆင့်လျှောက်ကြည့်ကာတစ်လမ်းလုံးလိုက်လာလေရဲ့..။စံအိမ်သို့ရောက်သော်...

"Boss နဲ့အကိုလေး "

"ဟိုအစ်မကောဘယ်မှာလဲဟင် "

"ကျွန်တော်ခေါ်ပေးပါ့မယ် "

"ကလေးရယ်..ဖြည်းဖြည်းစကားပြောလဲရပါတယ်ကွာ...အမကထွက်မပြေးပါဘူး "

"ဟီးဟီး...ကလေးစိတ်လောသွားလို့ပါ "

မကြာခင်မှာဘဲအမျိုးသမီးတစ်ယောက်ကလေးလေးကိုချီကာဧည့်ခန်းထဲသို့ဝင်လာခဲ့တယ် ။

"အမထိုင်ပါခမျ "

" ကျွန်တော့်ကဦးထွဋ်ရဲ့အမျိုးသားပါ...
အမပြောစရာရှိတာကိုသေချာပြောပြလို့ရပါတယ် "

"အမလဲမဖြစ်နိုင်တဲ့အခြေနေမှာမို့တောင်းဆိုရတာပါကွယ်...အမမှာကိုယ်ဝန်သုံးလရှိနေပြီ...နှလုံးရောဂါသည်မို့အမကျန်းမာရေးအခြေနေအကြောင်းအမသိပါတယ်...မျက်နှာပူပူနဲ့ဘဲပြောပါရစေ...အကယ်၍အမသာမရှိတော့ရင်
အမသားလေးနဲ့ဗိုက်ထဲကကလေးကိုငါ့မောင်တို့စောင့်ရှောက်ပေးပါ "

"ဗျာ..."

"မဟုတ်တာအမရယ်...အမကျန်းမာရေးကောင်းအောင်ကျွန်တော်တို့သေချာဆေးကုရင်ရပါတယ်..
အဲ့တာကြောင့်ခုလိုစကားတွေမပြောပါနဲ့နော်.."

"ဟုတ်ပါတယ်အမရယ်..ကလေးပြောသလိုဘဲ
အမရောဂါကိုကျွန်တော်တို့ပျောက်အောင်ကုပေးမှာမို့စိတ်ချလက်ချနေပါနော် "

"အေးပါကွယ်...အမကိုခုလိုပြောပေးလို့ကျေးဇူးတင်ပါ "

"ဗိုက်ကို OG အပ်ပြီးပြီလား "

"အမဘာမှမလုပ်ရသေးပါဘူးကွယ်..."

"ဒါဆိုသန်ဘက်ခါ OG သွားအပ်ကြမယ်နော်..
ဦးထွဋ်လဲအလုပ်ပိတ်တယ်မလား "

l Found Right Person(Complete)Where stories live. Discover now