Ep _(11)

4.9K 332 31
                                    

[Unicode]

"ဦးထွဋ်..ဦးထွဋ်.."

"ကလေး....ကလေး...ကိုယ်ဒီမှာရှိတယ်လေ.."

ထွဋ်လဲကလေးခေါ်သံကြားလို့အလုပ်လုပ်ရာကနေထကာကလေးနားသို့အပြေးလာလိုက်တယ်....

"အိမ်မက်ဆိုးတွေမက်နေတာလား...
ကလေးရေသောက်လိုက်အုံးနော်.."

"ဟုတ်.."

"ဘာလို့ကိုယ့်ကလေးဆီမှာအိမ်မက်ဆိုးတွေလာမက်ရတာလဲကွာ....
ဘာမှမဖြစ်နဲ့နော်..ကိုယ်ရှိတယ်.."

"ဟုတ်....အိမ်ပြန်ရောက်တာကြာပြီလားဟင်.."

"တစ်နာရီလောက်ဘဲရှိပါသေးတယ်.."

"ကလေးကိုနိုးလိုက်တာမဟုတ်ဘူး.."

"မနိုးရက်ပါဘူးဗျာ..ကိုယ့်ကလေးလေးအိပ်ပျော်နေတာကိုနိုးလိုက်ရင်ကိုယ်ကလူဆိုးကြီးဖြစ်သွားမှာပေါ့.."

"ဦးထွဋ်...ဦးထွဋ်..."

"ဗျာ..ဗျာ.."ထွဋ်လဲကလေးခေါ်တာကိုအသံဆက်ကာထူးလိုက်တယ်..

"ချစ်တယ်နော်..."

"ဟာကွာ..အသဲယားအောင်ပြောနေပြန်ပြီ..
ကိုယ်က ကလေးထက်အများကြီးပိုချစ်တယ်.."

"ဟာ..မရပါဘူး..ကလေးကဘဲပိုချစ်တာလို့.."

နှုတ်ခမ်းဆူကာပြောနေတဲ့ကလေးပေါက်ကြောင့်ထွဋ်လဲစလိုက်တယ်..

"မဟုတ်ပါဘူး..ကိုယ်ကအများကြီးပိုချစ်တာပါ.."

"ဦးထွဋ်နော်..အဟင့်..ကလေးကပိုချစ်တာကို..လူလည်ကျပြီး..အဟင့်....ပိုချစ်တယ်လို့မပြောနဲ့လို့...အူးဝါးး..ဗြဲ."

"ကလေးရယ်..ကိုယ်ကစတာလေကွာ..မငိုပါနဲ့နော်..ကလေးငိုရင်ကိုယ်ရင်ဘတ်တွေနာလို့ပါ..."

ရုတ်တရက်ထငိုလာသောကလေးကြောင့်
ထွဋ်လဲလျှာရှည်ပြီးစမိတဲ့ပါးစပ်ကိုသာရိုက်ချင်တယ်..ကလေးငယ်ကိုငိုအောင်လုပ်မိပြန်ပြီ..ကလေးငယ်ကိုပေါင်ပေါ်သို့တင်ဖို့ပြင်လိုက်တာနဲ့အလိုက်တသင့်ပါလာကာ..ဖက်ထားလေသည်..။

"မငိုနဲ့နော်..ဟုတ်တယ်..ကိုယ့်ကလေးကပိုချစ်တာပါ..ဒါပေမဲ့ကိုယ်လဲကလေးကိုအများကြီးချစ်တယ်ဆိုတာတော့သိထားပေးနော်.."

l Found Right Person(Complete)Where stories live. Discover now