Ep (35) Final

4.8K 198 10
                                    

[Unicode]

ရာသီစက်ဝန်းကြီးကအချိန်နဲ့အမျှပြောင်းလဲနေပေမဲ့...ရှင်းပိုင်တို့မိသားစုလေးကတော့အရင်လိုနွေးထွေးသာယာပျော်ရွှင်နေ
ဆဲပါ...ဦးထွဋ်ရဲ့အရိပ်အောက်မှုခိုလှုံခွင့်ရတဲ့သားတို့နဲ့ရှင်းပိုင်ဟာဒီဘဝမှာတော့ကံအကောင်းဆုံးလူသားတွေလို့မှတ်ယူလို့ရသည်အထိပါဘဲ....

ထိုနည်းလည်းကောင်းဦးထွဋ်မှာလဲဒီမိသားစုလေးသူ့ဘဝထဲမှာရှိနေခြင်းဟာဘာနဲ့လဲလှယ်လို့မရတဲ့တန်ဖိုးသိပ်ကိုကြီးမားတဲ့သူ့ရဲ့ပိုင်ဆိုင်မှုမြတ်နိုးရာလေးတွေပေါ့...

သားတို့ကခုဆိုအထက်တန်းကျောင်းတောင်တက်ရတော့မယ်....တယုတယနဲ့ပြုစုပျိုးထောင်ပေးထားတဲ့သားတို့အရွယ်ရောက်လာတာကြည့်ပြီးရှင်းပိုင်ပီတိဖြစ်မိတယ်...၃လပိုင်းနွေရာသီကျောင်းပိတ်ရက်ဖြစ်တာကြောင့်နှစ်ယောက်စလုံးဝါသနာပါရာလေးတွေလုပ်နေကြတယ်...။

သားကြီးကွာကွာကအစားသောက်ချက်ပြုတ်ရတာနဲ့သစ်ပင်စိုက်ရတာကိုဝါသနာပါတယ်...စွာစိလန်လေးကအဲ့လိုအေးအေးချမ်းချမ်းရှိလှတဲ့အရာတွေဝါသနာပါတော့ဦးထွဋ်နဲ့ရှင်းပိုင်မှာအံ့သြရသေး....

ပုစိလေးကတော့သူ့ဦးလေးရှိတဲ့ထိုင်းကိုအမနဲ့အတူအပြီးပြောင်းသွားပြီး..အဆက်သွယ်မရတာတောင်၂နှစ်နီးပါးရှိနေပြီ...ပုစိလေးကိုသားတစ်ယောက်လိုချစ်ရသူမို့...ပုစိလေးနဲ့ခွဲတုံးကဆိုရှင်းပိုင်နဲ့ကွာကွာမှာတစ်ပတ်လောက်တောင်ဖျားသွားသေးသည် ။

သားငယ်လေးကတော့ Daddy ရဲ့အချစ်တော်ကြီးမို့လားမသိ...Company ကိစ္စ၊Computer ပိုင်းနဲ့ ပန်းချီဘက်ကိုအတော်လေးစိတ်ဝင်စားလေသည် ။
ထို့ကြောင့်သူ့ Daddy က Company ကိုခဏခဏခေါ်သွားပြီး Company ကိစ္စတွေကိုသင်ယူစေသည် ။...သားငယ်လေးရဲ့အကျင့်ကဦးထွဋ်ရဲ့အကျင့်နဲ့အများဆုံးတူလေသည် ။သူစိမ်းနဲ့ဆိုမျက်နှာတည်တည်နေတတ်ပြီး...အိမ်မှာဆိုရင်တော့ကလေးဆိုးလေးလိုဘဲ...ဘယ်လောက်ဘဲအပြင်မှာရင့်ကျက်ပါစေအုံးတော့...ရှင်းပိုင်မျက်လုံးထဲမှာတော့သားတို့ဟာကလေးတွေဘဲ

ဦးထွဋ်ကHypen ဂိုဏ်းကိုဆက်မအုပ်ချုပ်ဖို့လုပ်ထားပေမဲ့...လွှဲပြောင်းမဲ့သူမရှိတာကောကြောင့်ဆက်လက်အုပ်ချုပ်ခဲ့တယ်...ဂိုဏ်းအကြောင်းက်ိုရှင်းပိုင်သေချာမသိပေမဲ့..မူးယစ်ဆေးဝါးတော့ရှောင်ရှားခိုင်းထားသည် ။တိုင်းပြည်ရဲ့အနာဂတ်သူရဲကောင်းတွေဖြစ်လာမဲ့ကလေးတွေမို့မဖျက်စီးစေချင်ဘူး...ခုနောက်ပိုင်းဦးတပည့်တွေဆီကနေ
ဝီရသစ်ဦးက Hypen ရဲ့ခေါင်းဆောင်ဆိုပြီးပြောသံကြားပေမဲ့...ဦးထွဋ်ဆီကတော့ဘာအသံမှထွက်မလာသလိုသားငယ်လေးဆီကလဲဘာမှမပြောလာသေး...

l Found Right Person(Complete)Wo Geschichten leben. Entdecke jetzt