Extra (2)

2.2K 178 22
                                    

[Unicode]

ဝီရသစ်ဦးတစ်ယောက်ကွာကွာရဲ့အရစ်တော်ပုံကြောင့်...ဖိနပ်ဘေးမှာအမြဲဆောင်ထားတဲ့ဓားပါးလေးကိုရအောင်ယူနိုင်ခဲ့တယ်...သိပ်မကြာခင်မှာဘဲဟိုလူတွေရေသန့်ဝယ်ဖို့ထွက်သွားတော့...

"သစ်လေးအဆင်ပြေရဲ့လား "

"​အင်းးကွာကွာငြိမ်ငြိမ်နေ...မဟုတ်ရင်လက်ကိုဓားထိလိမ့်မယ်..."

"အေးအေး "

ဓာတ်ပုံရိုက်ပြီးတော့..
တစ်ယောက်နဲ့တစ်ယောက်ကျောချင်းဆိုင်ကာလက်ပြန်ကြိုးတုပ်ထားထာကြောင့်...ဝီရသစ်ဦးမှာကွာကွာရဲ့ကြိုးတွေကိုအရင်ဖြည်ပေးရတယ်...ကားပေါ်မှာထဲကကွာကွာအာရုံလွှဲထားပေးမှုကြောင့် ဝီရသစ်ဦးရဲ့ဖုန်းကို Location ဖွင့်ခဲ့လိုက်တယ်...

"အားးရိုးရိုးးးနာလိုက်တာ...
ငါ့အသားရေလေးတော့ပွန်းပဲ့ကုန်ပါပြီ "

"ကွာကွာ..စကားများမနေနဲ့...မြန်မြန်ကြိုးလာဖြည်ပေး "

"အေးပါကွာ "

သစ်လေးကိုကြိုးဖြည်ပေးလိုက်ပြီး...ရုတ်တရက်ဘေးမှာရှိတဲ့သစ်သားခုံကိုသစ်လေးကရိုက်ချိုးလိုက်တာကြောင့်ကွာကွာမှာ

"အမ​လေး...ပလုပ်တုပ်...အဆင်မှန်သမျှငါနဲ့လုပ်အာ...လာလားးးးလန့်ထှာ...သတောင်းစားလေးရယ် "

"အမ် "

ဝီရသစ်ဦးမှာသူ့အစ်ကိုရဲ့လန့်မှုကြီးကိုကြည့်ပြီး...ရီရခက်ငိုရခက်...ထို့နောက်သစ်သားအကျိုးတွေကိုတစ်ယောက်တစ်ချောင်းစီယူပြီး...

"ကွာကွာ...အချိန်နဲ့တွက်မယ်ဆို...
Daddy တို့ရောက်ဖို့နာရီဝက်လောက်လိုအုံးမယ်...ကားပေါ်မှာထဲက location ပို့ထားတာမို့အမြန်ဆုံးတော့ရောက်လာကြမှာ "

"အေး...ဒါဆိုလဲလက်စွမ်းပြကြတာပေါ့...
ပါးပါးလက်သံကြောက်လို့ရန်မဖြစ်ရတာတောင်ကြာပြီ...ဟဲဟဲ "

"ဟုတ်ပြီ...ဒါဆိုဟိုဘက်ထောင့်တံခါးအကွယ်မှာနေ.."

"အိုကေ "

တစ်ဖက်တွင်သောကမီးတောက်ရသူမှာတော့ရှင်းပိုင်...သားတို့တစ်ခုခုဖြစ်ခဲ့ရင်သူကိုယ်သူခွင့်လွှတ်နိုင်မယ်မထင်....သားတို့ဟာသူမမွေးခဲ့ရရုံတစ်မည်ဘဲရှိခဲ့တာသူ့အသက်သွေးကြောလေးတွေဖြစ်တဲ့သားတို့ဆုံးရှုံးဖို့မပြောနဲ့ပွန်းပဲ့ရာလေးဖြစ်တာတောင်သူမလိုချင်...

l Found Right Person(Complete)Where stories live. Discover now