Ep(2)

8.5K 705 22
                                    

[Unicode]...;

The Next Morning....

မနက်ခင်းရဲ့နေရောင်ခြည်နွေးနွေးလေးကရှင်းပိုင်ရဲ့မျက်နှာထက်သို့ကျရောက်နေပြီး...နေရောင်ခြည်ရဲ့အလင်းတန်းနဲ့အတူကပ်ပါလာတဲ့အပူဒဏ်သေးသေးလေး
ကြောင့်ရှင်းပိုင်အိပ်ရာထက်မှလူးလွန့်ကာနိုးလာခဲ့တယ်...။

"ဝါးးးအင်းးး "

သန်းဝေကာလက်နှစ်ဖက်လုံးကိုမြှောက်လျက်ပျင်းကြောဆန့်ပြီးတဲ့နောက်တစ်ကိုယ်ရည်သန့်ရှင်းလုပ်ရန်အလိုငှာရှင်းပိုင်ရေချိုးခန်းသို့ဝင်လိုက်တယ်...။ရုတ်တရက်ရေချိုးခန်းတံခါးနဲ့ရှင်းပိုင်လက်တိုက်မိသွားတာကြောင့်နာကျင်မှုဖြစ်သွားသည်...။

' အာ့...'

' ကျစ်...အိပ်ချင်မူးတူးနဲ့ငါတော့အကုန်လျှောက်တိုက်မိနေတာဘဲ..နာလိုက်တာ'

နာကျင်မှုအကြောင်းဆီစိတ်ရောက်မိတော့...အတွေးထဲရောက်လာသည်မှာသူ့ကိုမချစ်တော့တဲ့အစ်ကို့ဆီသို့...။ရေနစ်နေတဲ့အချိန်မှာဖက်တွယ်မိတဲ့ကောက်ရိုးမျှင်တစ်ခုလိုပေါ့...။သူချစ်ရတဲ့အဖွားကိုဆုံးရှုံးလို့စိတ်ဓာတ်ကျအားငယ်နေတဲ့အချိန်မှာအားပေးနှစ်သိမ့်ခဲ့တဲ့အစ်ကို့ကိုသူရူးမိုက်စွာနဲ့ဖက်တွယ်နေမိတုံးဘဲ...။

တကယ်တော့...ဒါတွေဟာအချိန်တွေကြောင့်ဖြစ်ပေါ်လာတဲ့သံယောဇဥ်တစ်ခုလိုဘဲ...။
တစ်ဖက်ထဲကနေတင်းအောင်ဆွဲထားတဲ့သံယောဇဥ်ကြိုးတွေကမြန်မြန်ဆန်ဆန်ပျက်ဖို့လွယ်ကူသလိုမျိုး...။

နာကျင်နေတာတောင်လက်မလွတ်ဖြစ်ခဲ့တဲ့သံယောဇဥ်နှောင်ကြိုးတွေ...။အဆင်မပြေတော့တဲ့တစ်နေ့ထိဆိုပြီးဆွဲထားခဲ့တာယနေ့အချိန်ထိဘဲ...။ ကိုယ်လွတ်တာနဲ့ဖြတ်ခနဲ...ပျက်သွားမဲ့ကြိုးတန်းလေးကိုရှင်းပိုင်လွတ်နိုင်ဖို့အတွက်အချိန်အတိုင်းတာအရလုံလောက်ခဲ့ပြီလေ...။

အစ်ကိုနဲ့သူပြသနာတက်တဲ့ညကအိမ်ကိုဘယ်လိုစိတ်တဲ့ပြန်ရောက်လာမှန်းသူမသိ...။မိုးရေစိုရွဲနေတဲ့ခန္ဓာကိုယ်နဲ့ဧည့်ခန်းမှာငိုပြီးအိပ်ပျော်သွားတာမို့...မနက်မိုးသောက်ရောက်တော့ခေါင်းတဆစ်ဆစ်ကိုက်ကာ နေမကောင်းဖြစ်လို့...ဆိုင်၂ရက်ပိတ်လိုက်ရသည်အထိဘဲ...။အဲ့နောက်ပိုင်းတော့ဆိုင်ပြန်ဖွင့်ပြီး...ပုံမှန်လည်ပတ်နေခဲ့သည်။
ဘာမှမဖြစ်ခဲ့သလိုပေါ့...ထိုရက်တွေထဲမှာလဲ
အစ်ကို့ဘက်ကလုံးဝကိုမဆက်သွယ်လာခဲ့ပါ။

l Found Right Person(Complete)Where stories live. Discover now