Ep _(10)

5.2K 368 16
                                    

[Unicode]. ...

ထွဋ်ဝီရဦး..ရင်ခွင်ထဲကနေလစ်ဟာနေသော
ကြောင့်နိုးလာခဲ့တယ်..အကြောင်းကတော့သူညကဖက်ထားခဲ့တဲ့အနွေးဓာတ်လေးပျောက်ဆုံးနေသောကြောင့်...ငုပ်တုပ်ထထိုင်မိတယ်..ဘေးနားကြည့်တော့လဲကလေးကရှိမနေဘူး

"ကလေးကဒီချိန်ဆိုင်သွားတာလား..အာ..မဖြစ်နိုင်တာ..ကလေးဆိုင်ပြင်ရအုံးမယ်လို့မနေ့ကပြောထားတယ်လေ..ကလေးကဘယ်သွားနေတာပါလိမ့်.."

အချိန်ကြည့်တော့လဲ၆နာရီဘဲရှိသေးတယ်..ဗရံတာမှာများရှိနေမလားလို့ထွက်ကြည့်တော့လဲရှိမနေဘူး..ခြံထဲမှာတော့အစောင့်တွေနဲ့အလုပ်သမားတွေသာရှိတယ်..

ထွဋ်လဲအောက်ဆင်းလာခဲ့ကာ..မီးဖိုချောင်ထဲဝင်ကြည့်တော့မှ..Apron လေးဝတ်ကာဘာတွေပြင်နေမှန်းမသိသောကလေးပေါက်ပါလေ..

"အင့်.."

"ဟာ..ဦးထွဋ်နိုးလာပြီလား.."နောက်ကနေရုတ်တရက်သိုင်းဖက်လာတဲ့ဦးထွဋ်က..ပိုင့်ပခုံးပေါ်မေးတင်ကာစကားဆိုလာတယ်..

"အွန်း...ကလေးကဘာလို့အစောကြီးထနေတာလဲ.."

"သြော်..ကလေးကဦးထွဋ်အတွက်မနက်စာပြင်ပေးနေတာလေ.."

"ကလေးရယ်..နောက်ဆိုအဲ့ဒါတွေမလုပ်ပါနဲ့နော်..ပြီးတော့ကလေးမရှိရင်ကိုယ်အိပ်လို့မရဘူး..".

"ဟုတ်ပါပြီဗျာ..အခုတော့မျက်နှာသွားသစ်တော့ညစ်ပတ်ကြီးရာ.."

"ဟင့်အင်း..ကလေးမျက်နှာလိုက်သစ်ပေးလေနော်.."

"ဟာ..ဦးထွဋ်ရာ...ကလေးလုပ်စရာလေးတွေရှိသေးတာမို့..အရင်ရေချိုးနဲ့နော်..ပြီးရင်ကလေးအပေါ်တက်ခဲ့မယ်.."

"ဟုတ်ပါပြီကွာ..ဒါဆိုကိုယ်ရေချိုးလိုက်အုံးမယ်.."

ရှင်းပိုင်လဲဦးထွဋ်အတွက်မနက်စာသေချာပြင်ကာနောက်ဆုံးအနေနဲ့ကော်ဖီလေးနှပ်ကာအပေါ်တက်ခဲ့လိုက်တယ်..အခန်းထဲဝင်တော့ဦးထွဋ်ကရေချိုးခန်းထဲကမထွက်သေးတာကြောင့်..ဦးထွဋ်အတွက်အဝတ်စားရွေးနေလိုက်တယ်..

*ပိုင်သိပါတယ်..ဦးထွဋ်ကပိုင့်ထက်အများကြီးချမ်းသာတယ်ဆိုတာဒါပေမဲ့ပိုင်အဲ့အရာတွေစိတ်မဝင်စားတာကြောင့်ပိုင်မေးလဲမမေးခဲ့ဘူး..ဦးထွဋ်ရဲ့အရှိန်ဝါကဧကရီနဲ့မင်းဝေယံတို့တောင်တအံ့တသြဖြစ်ရတဲ့အထိကိုကြီးမားတယ်..*

l Found Right Person(Complete)Where stories live. Discover now