Ep-(5)

6.6K 509 69
                                    

[Unicode]. ..

ရှင်းပိုင်လည်းဦးထွဋ်ကို
ထမင်းစားဖိတ်ထားသလိုဖြစ်သွားတာကြောင့်...သေချာချက်ပြုတ်ပြင်ဆင်နေလိုက်တယ်...။

ယောကျာ်းလေးမို့အချက်အပြုတ်မကျွမ်းကျင်ဘူးလို့ထင်ရင်မှားသွားမှာပေါ့...။
အဖွားရှိထဲကအဖွားဆီကနေအတတ်ပညာတစ်ရပ်အနေနှင့်သေချာသင်ယူထားတာ
ကြောင့်...ကျွမ်းကျင်စွာချက်ပြုတ်နိုင်သည်..။

ချက်ပြုတ်ပြီးတားနဲ့ရေမိုးချိုးကာ..သနပ်ခါးရေကြားလေးလိမ်းပြီး...နဖူးအောက်ရောက်ချင်သလိုဖြစ်နေသောဆံပင်ကိုကြက်တောင်စီးစည်းထားလိုက်တယ်..။

အချိန်ကြည့်တော့...၅နာရီတောင်ရှိနေပြီ...ဟင်းပွဲအတွက်ပြည့်စုံပေမဲ့..အချိုတည်းဖို့လိုအပ်တာတွေအိမ်မှာရှိမနေတော့..လိုအပ်တာတွေဝယ်ဖို့အနီးနားက one stop mart သို့သွားလိုက်၏...။

အအေးဘူးရယ်... snackအချို့ရယ်...ခေါက်ဆွဲထုပ်တွေဝယ်ကာပြန်ဖို့အလုပ်...ချိုချဉ်တန်းသို့မျက်လုံးရောက်သွားလေတော့...သူလုပ်အားပေးနေတဲ့မိဘမဲ့ဘုန်းကြီးကျောင်းက ကလေးလေးတွေကိုသတိရသွားတာကြောင့်...ချိုချဉ်နဲ့ Marshmallow အထုပ်၂ထုပ်လောက်ဝယ်ပြီးထွက်လာခဲ့တယ်..။

ရှင်းပိုင်တစ်ယောက်အထုပ်တွေဆွဲကာလမ်းလျှောက်ပြန်လာလေသည့်လမ်း၌သစ်သီးရောင်းနေတာတွေ့တာ
ကြောင့်...နာနတ်သီးဝယ်ဖို့စဉ်းစားမိလိုက်တယ်...။ထမင်းစားပြီးသစ်သီးအချိုတည်းကာအရမ်းကိုကောင်းမွန်သည်မဟုတ်ပါလား...။ထိုစဥ်အသီးသည်အန်တီကြီးမှ...

"သားရေ..အသီးတွေချိုတယ်နော်...
ဘာယူမလဲ.."

"အန်တီ..သားကိုနာနတ်သီးတစ်လုံးလောက်ခွဲပြီးစိတ်ပေးပါခမျ.."

"ရပြီနော်သား...၁၅၀၀ကျတယ်.."

ပိုက်ဆံပေးဖို့ပိုက်ဆံအလုပ်...ကလေးတစ်ယောက်ဆိုင်ကယ်နဲ့တိုက်တော့မလိုဖြစ်နေတာကြောင့်...ရှင်းပိုင်လှမ်းအော်လိုက်မိသည်...။

ကလေးလည်းရှင်းပိုင်အသံကြောင့်ဘေးကိုရှောင်လိုက်ပေမဲ့...ရုတ်တရက်ကြီးဆိုတော့ထိုကလေးလန့်သွားကာလမ်းဘေးသို့ပြုတ်ကျသွားသည်..။ပြုတ်ကျသွားတာကြောင့်ဒူးခေါင်းနဲ့လက်မှပွန်းပဲ့ပြီးသွေးများထွက်လာလေတော့ထိုကလေးကချက်ချင်းငိုပါတော့သည်...။

l Found Right Person(Complete)Wo Geschichten leben. Entdecke jetzt