Ep (15)

4.5K 315 45
                                    

[Unicode]

ကလေးခြေထောက်နာပြီးဖျားကထဲကထွဋ်အလုပ်မသွားတာကြောင့်အလုပ်တွေပုံနေလေရဲ့....ဒီနေ့လဲမနက်စာစားပြီးအလုပ်လုပ်တုံးရှိသေးကလေးပေါက်စိတ်ကြိုက် Tv
ကြည့်ပေးရတယ်..

"ဦးထွဋ်ရေ...."Tv ကြည့်ရင်းရင်ခွင်ထဲကနေခေါ်လာတဲ့ကလေးပေါက်ကြောင့်

"ဗျာ....ဗျ.."

"ကလေးပျင်းတယ်...တနေ့တနေ့အိမ်မှာဘဲနေနေရတာ.."

"ဟော့ဗျာ...စောနကလေးတင်ကိုယ်အလုပ်လုပ်နေတာကိုပျင်းတယ်ဆိုပြီးကလေးဘဲ Tv အတူကြည့်ခိုင်းတာလေ.....
ခုထပ်ပျင်းပြန်ပြီတဲ့လား..."

"ဘာလဲ..ပျင်းလို့ဆိုပြီးငြိုငြင်တာလား..ဟွန့်...
ရတယ်နော်.."

မျက်မှန်အောက်ကမျက်စောင်းလှလှလေးထိုးကာ...ချစ်ဖို့ကောင်းအောင်လဲစိတ်ဆိုးတတ်သေး...ထွဋ်လဲကလေးဘာဆက်ပြောမလဲစောင့်ကြည့်နေလိုက်တယ်....

"ခြေထောက်လဲသက်သာနေပြီကိုဦးထွဋ်စိတ်တိုင်းကျဆိုင်မသွားဘဲနေပေးရတာကို....
ဦးထွဋ်ကငြိုငြင်တာနော်...
ရတယ် Tv လဲလာမကြည့်ပေးနဲ့.....
တစ်ယောက်ထဲကြည့်မယ်ဗျာ.."

"ဟားးဟား....ဘာလေးလဲကွာ.."

ပထမတော့ထွဋ်လဲဘာပြောမလဲဆက်နားထောင်နေတာ..ကလေးပေါက်ကပြောပြီးတာနဲ့ထွဋ်အနားကထသွားကာ...Tv အကြီးကြီးကိုသူ့ခန္ဓာကိုယ်သေးသေးလေးနဲ့ကွယ်ပြီး..ကိုယ့်ကို Tv လာမကြည့်ဖို့ကာထားသေးရဲ့...ချစ်ဖို့ကောင်းလွန်းလို့ရီလိုက်မိတာကို...ခုတော့ရှေ့ကမျက်စောင်းလှလှလေးကြောင့်ရပ်လိုက်ရတယ်...

"အဲ့မျက်လုံးတွေခုမှိတ်ထား..."ရှင်းပိုင်စိတ်ဆိုးလာတာကြောင့်မျက်နှာတစ်ခုလုံးနီရီနေပြီဖြစ်တယ်..

"ဘာရီတာလဲ....ရီစရာဘာပါနေလို့လဲ
ဦးထွဋ်ဝီရဦး.."

ထွဋ်ခေါင်းပေါ်မိုးကြိုးအစင်းတစ်ရာလောက်ပစ်သွားသလိုဘဲ...အမလေး...သူ့အသဲအသက်လေးစိတ်ဆိုးတဲ့လယ်လ်ဗယ်ဆိုးဟိုက်(level so high) နေပြီဆိုတာနာမည်ရင်းခေါ်လိုက်ရုံနဲ့တင်သိတယ်..

ချက်ချင်းဘဲထိုင်နေရာကနေဒူးထောက်ပြီးလက်ပါတစ်ခါထဲမြှောက်ထားလိုက်တယ်...ထွဋ်ရဲ့အသဲသက်လေးစိတ်ဆိုးတဲ့အချိန်ကရှားသည်လေ...
စိတ်ဆိုးရင်လဲသူနဲ့မအိပ်ဘဲတခြားခန်းမှာသွားအိပ်တတ်တာ..မဖြစ်ဘူး..
ကလေးခွဲပြီးသူမအိပ်နိုင်ဘူး...

l Found Right Person(Complete)Where stories live. Discover now