Ep-30

677 23 0
                                    


သူမကိုသိတာပေါ့....အဆောင်မှာ ခေတ်ဆန်ပြီးရေပန်းစားတဲ့မိန်းကလေးပဲ...။ ပုံလေးရဲ့နောက်ကျောမှာရေးထားတာက "နန်းဒေစီ"​ တဲ့။ နာမည်ကအစခေတ်ဆန်လိုက်တာ....။

ဆက်ပြီး​ စာအိတ်ထဲပါလာတဲ့အရာတွေကိုကြည့်ရင်း ဖတ်ရင်းလက်တွေတုန်ပြီး လူကအခြေနေမဟန်တော့...။ "နန်းကြာညို"​ ဆိုတဲ့နာမည်နဲ့ပုံကမျက်လုံးထဲကွက်ကွက်ကွင်းကွင်း... ။

ခုတလော​ဘာဖြစ်နေတာလဲ...။ ဘယ်တော့မှမေ့မရခဲ့တဲ့မျက်နှာတွေကိုဆက်တိုက်ဆိုသလိုတွေ့မြင်နေရတာ တကယ်အဆင်မပြေတော့...။ ငါအဆင်ပြေပါတယ်ရေရွတ်ရင်း မျက်လုံးတို့ကိုမှိတ်ကာ လက်ဖဝါးအောက်မှာမျက်နှာလေးဖွက်ထားရင်း အချိန်အတန်ကြာငြိမ်နေမိသည်။

နောက်ဆုံး​ စိတ်ကိုအတတ်နိုင်ဆုံးတည်ငြိမ်အောင်ထားကာ အိမ်ပြန်လမ်းဆီသို့...။ ဘယ်လောက်ထိစိတ်လွတ်နေသည်မသိ အိမ်ကျော်သွားလို့ back ပြန်ဆုတ်ရသေး...။

*******************************************

ရှေ့မှာလဲစာအိတ်ကြီးချလို့ ကွန်ပျူတာ​ကလဲဖွင့်ရက်...။ လူကတော့ငြိမ်ချက်သားကောင်းကောင်းနဲ့ဘာအတွေးလွန်နေမှန်းမသိ...။ အခြေနေစောင့်ကြည့်သေးပေမယ့် မနေနိုင်ပဲ ရှေ့ကစာအိတ်ကိုဖွင့်ကြည့်ပြီး ငြိမ်နေတဲ့ကောင်မလေးကို သိုင်းဖက်ကာ...

"သဲ... အဆင်ပြေရဲ့လားဟင်"

"အင်း"

'အင်း'​ တစ်လုံးသာပြောပြီးတိတ်နေပြန်သည်။

"သဲ.... သူတို့ကြောင့်နဲ့ သဲကိုထပ်ပြီးစိတ်မဆင်းရဲစေချင်တော့ဘူး ကိုယ်ဘာလုပ်ပေးရမလဲ သဲပြောသမျှ ကိုကိုအကုန်လိုက်နာပေးမယ်"

မျက်ရည်တွေဝိုင်းနေပေမယ့် မျက်ဝန်းထဲကအပြုံးကိုတော့ထင်ထင်ရှားရှားမြင်လိုက်ရပါတယ်...။ ကျွန်တော့်စကားကို သူကျေနပ်ကြောင်းပြတာပေါ့...။

"knock knock..."

အသံမြည်လာတဲ့တံခါးကိုသွားဖွင့်ပေးပြီး​ တစ်ဆက်တည်း

"နှိုင်း​ အဆင်ပြေပါတယ်"

ခေါင်းသာငြိမ့်ပြပြီး "ငါမင်းတို့နဲ့ခဏလောက်စကားပြောချင်တယ်"​ ပြောပြီး​ လှည့်ထွက်သွားတဲ့ မာန်အဟုန်... ။

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now