Ep-13

729 32 0
                                    

!Unicode!

ဆရာဝန်ကြီးရုံးခန်းကိုသွားပြီးတံခါးခေါက်ကာ

"ဝင်ခဲ့"

တံခါးလေးအသာဆွဲဖွင့်ကာ

"ဆရာ"

"ဪ.... အင်ပါယာ လာထိုင်လေ မင်းကိုခုပဲဖုန်းခေါ်တော့မလို့"

ရှေ့ကခုံမှာဝင်ထိုင်လိုက်ရင်း

"ဆရာ​ နှိုင်းအခြေနေ"

ဘာမှဆက်မပြောပဲတိတ်ဆိတ်သွားပြန်သည်။ ခဏမျှငြိမ်သက်နေပြီး ပါမောက္ခ​ကြီးဘက်မှစ၍

"တုမနှိုင်းအခြေနေက မင်းလဲသိတဲ့အတိုင်းပဲ အင်ပါယာ ငါတို့အချိန်ဆွဲလို့မရတော့ဘူး"

"​ဆရာပြောတယ်လေ တစ်နှစ်ဆို တစ်နှစ်လောက်မခွဲပဲနေလဲရလောက်သေးတယ်ဆို"

"ခုအခြေနေကမတူတော့ဘူးလေ နှစ်ရက်အတွင်းအလှူရှင်မတွေ့ရင် ငါတို့စွန့်လွှတ်ရလိမ့်မယ်"

"နှစ်ရက်.... ဘယ်လိုလုပ်နှစ်ရက်အတွင်းလဲ "

"​မင်းလဲသိပ်စိုးရိမ်မနေနဲ့ ငါတခြားဆေးရုံတွေကို ဆက်သွယ်ထားတယ်"

"​ဒါပေမယ့်​ နှစ်ရက်တည်းနဲ့မှမဖြစ်နိုင်တာ​ ကျွန်တော်တို့တစ်ချိန်လုံး အလှူရှင်ရှာနေတာပဲ မတွေ့ခဲ့ဘူးမဟုတ်လား"

"​မာန်အဟုန်ကိုပြောလိုက် သူ့အင်အားနဲ့ဆိုဖြစ်နိုင်မှာပါ"

"​ဒါကနှိုင်းသိရင်"

"​တွေဝေရမယ့်အချိန်မဟုတ်တော့ဘူး အင်ပါယာ တုမနှိုင်းကိုကယ်မှာလား အရှုံးဆုံးခံမှာလား"

ပါမောက္ခ​ရုံခန်းထဲကအင်အားချည့်နဲ့စွာထွက်လာပြီး

"​အစ်ကို.... ဘယ်လိုလဲ​ ဆရာဝန်ကြီးကဘာတဲ့လဲ"

စိုးရိမ်ကြီးစွာမေးနေတဲ့ ဧကရာဇ်​ကိုကြည့်ကာ

"​ငါတို့နှစ်ရက်အတွင်းအလှူရှင်မရှာနိုင်ရင်လက်လွှတ်ရတော့မယ်"

"မဖြစ်နိုင်တာ ခုအတောအတွင်း နှိုင်းအခြေနေကသိပ်ကောင်းခဲ့တာကို ဘာလို့ရုတ်တရက်ကြီးလဲ"

"heart attack ဖြစ်သွား​တာ​ ရုတ်တရက်​ကြီး​ ကံကောင်းတာက​ ငါရှိနေတဲ့အချိန်ဖြစ်သွားလို့ မဟုတ်ရင် သူ့တစ်ယောက်တည်း"​

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now