Ep-37

509 16 0
                                    



"ဧကရာဇ်.... မင်း အင်ပါယာတို့ကိုသွားမကြိုဘူးလား"

"သွားကြိုနေလဲ ဘရားသားက အဖက်လုပ်မှာမှမဟုတ်တာ ကိုကြီးရဲရင့်သွားတယ်မလား တော်ပြီပေါ့"

ခုတလော ကိုယ့်ဆိုင်ကိုသိပ်သဘောကျနေတယ်ထင် ဘရားသားသုတက ဆိုင်မှာ အတော်ဓာတ်ကျနေသည်။ အားတာနဲ့ ဆိုင်လာထိုင်နေတော့တာ။ သူလာတာလဲ တစ်ခုတော့ကောင်းသည်။ ကိုသုတလာတဲ့နေ့ဆို ဆိုင်ကအရင်ကထက်နှစ်ဆ ပိုရောင်းကောင်းသည်။ မြို့စွန်မှာဖွင့်တာတောင် ဒီလောက်ရောင်းကောင်းနေရင် မြို့ထဲမှာသာရောင်းလို့ကတော့ ဧကရာဇ်တို့ ပန်းရောင်းရုံနဲ့ ဟိုက်ဘော့စ်ဖြစ်နေလောက်ပြီ။

ဧကရာဇ်က အစကတည်းက fb cele ဖြစ်တာကြောင့် ပန်းဆိုင် စဖွင့်ဖွင့်ခြင်း fb ပေါ်တင်လိုက်တာနဲ့ ရှယ်ကိုရောင်းကောင်းတာဖြစ်သည်။ အစကတော့ နှင်းဆီပန်းကိုသာအဓိကထားရောင်းသော်လဲ ငွေတွေပိုလျှံလာတာနဲ့အမျှ ပန်းအမျိုးစုံအောင် ရောင်းသည်။ ပန်းစီး ပန်းအိုးအပြင် ပန်းအလှဆင်တဲ့လုပ်ငန်းကိုပါတိုးချဲ့လုပ်ကိုင်တာကြောင့် စီးပွားရေးကအတော်လေးကိုအဆင်ပြေနေသည်။ ဘေးပတ်ပတ်လည်က ခြံတွေကိုဝယ်ပြီး ပန်းတွေစိုက်ထားတာကြောင့် အဝေးလဲ သွားစရာမလို။

တစ်ခါတစ်လေ ကိုယ့်ဆီမှာ မရနိုင်တဲ့ပန်းတွေဆို နေရာအနှံ့အပြားလိုက်လံဝယ်ယူပြီး ပန်းမျိုးပါယူကာ တစ်ခါတည်းစိုက်ပျိုးထားသည်။ ဒါ့ကြောင့် ဧကရာဇ်​ဆီမှာ ရှားလှပါပြီဆိုတဲ့ ပန်းတောင် မှာလို့ရနိုင်သည်။

မင်္ဂလာဆောင်၊ စေ့စပ်ပွဲအခမ်းအနားနဲ့ မွေးနေပွဲ ဘာညာသာရကာပွဲတွေကအစ ဧကရာဇ်က ပန်းအလှဆင်ပေးရင်း စျေးကမြောက်နေအောင်ရသည်။ တစ်ခြား ပန်းအလှဆင်လုပ်ငန်းတွေထက် စျေးပိုပေမယ့် Customer တွေစိတ်တိုင်းကျ အသေးစိတ်စီစဥ်ပေးတာမို့ Universe ဆိုတဲ့ ဧကရာဇ်​ဆိုင်လေးက နာမည်ကြီးလို့နေသည်။

"အင်ပါယာက သေချာရှင်းပြရင် နားလည်လွယ်တဲ့သူမျိုးပါကွ ညီအကိုချင်း ပြေပြေလည်လည်ပေါ့ကွာ"​

"ဘရားသားဘယ်လောက်ခေါင်းမာလဲ ကိုကြီးသိရက်နဲ့ဗျာ တော်ပါပြီ သူနဲ့ ပြေလည်အောင်လုပ်မယ့်အစား ကျားမြှီးသာပြေးဆွဲလိုက်တော့မယ်"​

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now