Ep-34

541 19 0
                                    



ပုံမှန်ဆို စောင့်ရတာစိတ်မရှည်တဲ့သူဖြစ်ပေမယ့် ခုတော့ ကော်ဖီတစ်ခွက်ကုန်တဲ့အထိ စောင့်နေတဲ့သူကမလာသေး။ နာရီတစ်ချက်ကြည့်တော့ ချိန်းထားတဲ့အချိန်ထက် မိနစ်နှစ်ဆယ်ကျော်နေပေပြီ... ။

စိတ်ရှည်ရှည်ထားပြီး ဆက်ထိုင်နေမိသည်။ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်။ တိတ်ဆိတ်ငြိမ်သက်လှတဲ့ကော်ဖီဆိုင်လေး။ ဆိုင်အပြင်အဆင်နဲ့ တိတ်ဆိတ်ငြိမ်သက်မှုကြောင့် ထွက်လုလုဖြစ်နေတဲ့ဒေါသကိုပြန်မြိုသိပ်နိုင်သည်။

"Hi... ဒို့နဲနဲနောက်ကျသွားတယ်"

ရှေ့မှာရပ်လာပြီး လက်ပြကာ သက်သောင့်သက်သာပင်ပြောလာတဲ့ကောင်မလေး။ နီစွေးစွေးနှုတ်ခမ်းနီ ချိုအီအီရေမွှေးနံ့ လည်သာဂျာကင် နှစ်လက်မဒေါက်ချွန် ပေါင်လည်တောင်မရှိတဲ့ ဂျင်းဘောင်းဘီတို နေကာမျက်မှန်အမဲ ကောက်ကွေးနေတဲ့ဆံပင်ရှည်တွေကြားမှာ ဟိုတစ်ကွက်ဒီတစ်ကွက် အရောင်တွေဖောက်ထားပြီး မြင်ရတာတကယ်မျက်စိရှုပ်စရာပါ။ စိတ်ထဲကနေတော့ တန်ဖိုးမရှိဘူးတွေးလိုက်ပေမယ့် တကယ့်လက်တွေ့မှာ ပြုံးပြကာ

"တစ်နာရီနီးပါးပါပဲ"

တစ်ချက်ကြည့်ရုံနဲ့အာရုံနောက်သွားတာကြောင့် အကြည့်တို့ကို အပြင်ကိုရွေ့ကာပြောလိုက်သည်။

"ပထမဆုံးတွေ့ဆုံခြင်းပါ ဝမ်းကွဲအကို"

လှမ်းလာတဲ့လက်ကို အော်ဂလီဆန်စွာတစ်ချက်ကြည့်ပြီး

"ဘာလို့ နှိုင်းကိုသွားတွေ့တာလဲ"

ခုံမှာထိုင်ပြီး ဆံပင်တွေကိုဆော့ကစားကာ

"​အော်... မထင်မှတ်ပဲတွေ့တာပါ ဝမ်းကွဲညီမလေးကိုတွေ့တာတောင်မနှုတ်ဆက်ရတော့ဘူးလား စိတ်မကောင်းစရာပဲ ညီမလေးကကျွန်မကိုမမှတ်မိရှာဘူး"

မျက်နှာကိုလက်နဲ့ထောက်လိုက်ပြီး စကားကို ပေါ့ပေါ့တန်တန်ပြောလာတဲ့ ကောင်မလေးကိုကြည့်ပြီး ဘယ်လိုပုံစံနဲ့ကြီးပြင်းလာတာလဲ တကယ်သိချင်မိသည်။

"​ဒေါ်နန်းကြာညိုကော ဒီမှာလား"

"​ဖြည်းဖြည်းပေါ့ မောင်နှမတွေခုမှပြန်တွေ့ကြတာပဲ"

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now