Ep-02

2.2K 67 0
                                    


#Unicode#

လွန်ခဲ့တဲ့နှစ်နှစ်ကအချိန်ကိုတွေးရင်း ကော်ဖီသောက်ပြီးဆွေးနေခိုက် ဆိုင်အပြင်ဘက်စားပွဲမှာ
သင်္ချာပုစ္ဆာ​တစ်ပုဒ်ကိုသဲကြီးမဲကြီးတွက်နေတဲ့ကောင်လေးကို စိတ်ဝင်တစားစိုက်ကြည့်ပြီး​ခဏကြာမှ သူ့ဆီထားသွားကာ

"မင်းသုံးနေတဲ့ပုံသေနည်းလွဲနေတယ်"

"ဗျာ"

ဝင်ထောက်လိုက်တဲ့သူ့ကို မော့ကြည့်ပြီး

"ကျွန်တော်အစောကတည်းကတွက်နေတာ ဒီတစ်ပုဒ်ထဲကိုနာရီဝက်ရှိနေပြီ ဘာလွဲနေမှန်းကိုမသိဘူး"

စိတ်ရှုပ်ရှုပ်နဲ့ခေါင်းကုပ်ပြီး ညည်းတွားသလိုပြောနေတဲ့ကောင်လေးကိုပြုံးပြကာ

"ကျူရှင်မယူဘူးလား ညီ"

"​မယူနိုင်ပါဘူးဗျာ"

"​ဒီဆိုင်ကစားပွဲထိုးလား"

အင်္ကျီကိုလက်ညှိုးထိုးပြီး မေးနေတဲ့သူကို ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး

"​ဟုတ်တယ်အစ်ကို...ဒါကကျွန်တော့်နားချိန်လေ"

"ဪ....ကိုယ်ပြောတဲ့ပုံသေနည်းထည့်တွက်ကြည့်"

"ဟုတ်"

ခေါင်းညိတ်လိုက်ပြီး သူပြောသလိုတွက်လိုက်မှ အဖြေမှန်ကိုရသွားသည်

အဖြေမှန်လို့ပျော်နေတဲ့ချာတိတ်ကိုကြည့်ပြီး

"မင်းတွက်တာမဆိုးဘူး ကြိုးစား"​

"ဟုတ်အကို"​

"ဧကရာဇ်....ဟျောင့်....လာကွ ပြန်မယ်"

"​အိုခေ အိုခေ"

ထွက်သွားဖို့ပြင်နေတဲ့ လူကို​လှမ်းအော်ပြီး

"အစ်ကို"​

လည်ပြန်လှည့်ကြည့်တဲ့မျက်နှာချောချောကိုပြုံးပြရင်း

"အစ်ကို....ကျေးဇူးပဲ"

အသိမှတ်ပြုသလိုခေါင်းတစ်ချက်ညိတ်ပြကာလက်ရမ်းပြရင်း သူ့သူငယ်ချင်းတွေနဲ့အတူပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေမိသည်

ဆိုင်ပိုင်ရှင်အစ်ကိုလာမှ

"ဟေ့ကောင်...သတိုး....စာမလုပ်ဘဲ ဘယ်တွေငေးနေတာလဲ"​

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now