Ep-43

524 21 0
                                    

တုမနှိုင်းတို့အလုပ်ရှုပ်နေချက်ကတော့ နိုင်ငံတော်သမ္မတထက်ပင်ပိုသည်။ တစ်ဖက်က သုတတို့မင်္ဂလာပွဲအတွက် အလုပ်ရှုပ်နေပါသလို တစ်ဖက်မှာလည်း ဧကရာဇ်ကိုအမျိုးမျိုးအဖုံဖုံနှစ်သိမ့်နေရပြန်ပါသည်။ စင်္ကာပူမှာ leadership သင်တန်းနှစ်'နှစ်ထပ်တက်ပြီးတာနဲ့ နိုင်ငံတွင်းကလုပ်ငန်းတွေကိုသူကိုယ်တိုင်ဦးစီးကာ အဟုန်ကတော့ စင်္ကာပူရုံးမှာသာအခြေချနေသည်။

နှစ်'နှစ်ဆိုတဲ့ကာလအပိုင်းအခြားလေးမှာ သမီးလေး နှိုင်းသင်္ခါရီ လေးဟာလည်း နှစ်'နှစ်ပင်ပြည့်ပြီးပါပြီ။ ကျွန်တော့်အချစ်တွေက စစ်မှန်လို့ထင်ပါရဲ့ သမီးလေးကို ဘယ်လိုဘဲ အငှားကိုယ်၀န်နဲ့မွေးတယ်ဆိုဦးတော့ သမီးလေးအကျင့်စရိုက်နဲ့မျက်နှာကျလေးဟာလည်း နှိုင်းနဲ့တစ်ထေရာတည်းပင်။ နှိုင်းဆိုသမီးလေးနီတာရဲလေးကိုမြင်ပြီး ပျော်လွန်းလို့အော်ပါငိုသည်။

ခုအခြေနေက သမီးလေးကိုလက်တစ်ဖက်တည်းနဲ့ချီပိုးကာ ကျန်လက်တစ်ဖက်ကတော့ဖုန်းတစ်လုံးဖြင့်အလုပ်ရှုပ်နေရသည်။

အကြောင်းကတော့ အိပ်ခါနီးဂျီကျနေသော သမီးကြောင့်ပင်။ Kpop သီချင်းမှမဖွင့်ပေးရင်မအိပ်တတ်တဲ့သမီးကြောင့် ခုလည်း YouTube ကရှာကာဖွင့်ပေးရသည်။ သူ့မေမေဖုန်းထဲမှာတော့ ဖိုင်လိုက်ရှိပေမယ့် ကိုယ့်ဖုန်းထဲမှာက Mp3  တောင်တစ်ပုဒ်မရှိ။

"အင်ပါယာ အင်ပါယာ"

"ဟ...ရှူး...ငါ့သမီးလေးအိပ်တော့မှာ တိုးတိုးပြောဟ ရေးကြီးသုတ်ပြာနဲ့ဘာဖြစ်လာတာတုန်း"

အိမ်ထဲဒရောသောပါးပြေးလာကာ ကိုယ့်နာမည်တကြော်ကြော်အော်ခေါ်နေတဲ့ ကောင်းစစ်ကို ‌ပိတ်ဟောက်လိုက်ချင်သော်လည်း မျက်လုံးလေးများစင်းကျနေပြီဖြစ်တဲ့ သမီးဖြစ်သူကြောင့်ဒေါသကိုပြန်မျိုချရင်း ခပ်တိုးတိုးသာပြောလိုက်ရသည်။

"ဘာတုန်းမနေနဲ့ မျိုးမင်း...မျိုးမင်းမြတ်ကိုတွေ့ပြီ"

ကောင်းစစ်အပြောကြောင့် လက်ထဲကသမီးလေးလွတ်ကျတော့မည်အထိ အံ့ဩသွားရင်း သမီးအခန်းထဲ၀င်ကာ သေချာသိပ်ပြီးမှ ပြန်ထွက်လာခဲ့သည်။

ဆုံစည်းခွင့်လေး (Completed)Where stories live. Discover now